Wednesday 9 October 2013

တစ်ကိုယ်ရည် သန့် ရှင်းခြင်း နှင့် ကျန်းမာရေး

by ပိုပိုဇော်(သဘာဝအားအင်)October 9, 2013 at 3:18pm

ကျန်းမာရေးကောင်းမွန်ခြင်း နှင့် ချို့ တဲ့ခြင်းသည့် မိမိကိုယ်ကိုယ်သန့် ရှင်းစွာနေထိုင်ခြင်း ၊ စားသောက်ခြင်းတို့ အပေါ်တွင်ရာခိုင်နှုန်းအတော်များများ အကျိုးသက်ရောက်မှု့ များရှိပါသည် ။

တစ်ချို့ ဆိုလျှင်ကျန်းမာရေး အသိပင်ရှိပင်ငြားလည်း လုပ်ဆောင်ရန် ပျင်းခြင်း ၊ ပေါ့ပေါ့ပါးပါး နေထိုင်ခြင်းတို့ ကြောင့် ကျန်းမာရေးချို့ တဲ့ခြင်းအကျိုးဆက်များရရှိလာပါတယ် ။ အသိမရှိလို့ ဆိုတာကို လက်ခံနိုင်ပေမဲ့ အသိရှိပြီး ပြု့ မှု့ နေထိုင်ခြင်းသည်အလွန်ပင်ဆိုးရွားပါတယ် ။


တစ်ကိုယ်ရည် သန့် ရှင်းစွာနေထိုင်တက်ခြင်းသည့် ကောင်းမွန်သော အကျင့်တစ်ခုလည်းဖြစ်ပါသည် ။ ဒါကြောင့် တစ်ကိုယ်ရည်သန့် ရှင်းခြင်း အကြောင်းအကျိုးများကို ငယ်ရွယ်စဉ်ကပင် စာသင်ကျောင်းများတွင် ကျန်းမာရေးအသိရရှိစေရန် သင်ကြားပေးခဲ့ကြပါတယ် ။ကောင်းမွန်သော အလေ့အကျင့်ကို ဆောင်လိုက်ပါ လိုက်နာလိုက်ပါ ။  

လက်သည့်အရေးကြီးပါတယ် မည်သည့်အစားသောက်စားစား လက်ကို စင်ကြယ်အောင် လက်ဆေးပြီးမှ စားသုံးပါ အလွယ်တကူ လက်ဖြင့်ကိုင်စားခြင်း မလုပ်သင့်ပါ ။ မဖြစ်မနေ စာမည်ဆိုပါက ဇွန်း နှင့်တစ်ခြား ကိုင်တယ်လို့ ရမည် ကရိယာဖြင့်သာ အစားသောက်များကို စားပါ ။  

လက်သည်းအရှည်ထားပြီး အရောင်အမျိုးမျိုးချယ်ထားသည့် အမျိုးသမီးများသည် လက်ဖြင့် အစားသောက်များကို ကိုင်တွယ်စားသောက်လျှင် ပိုမို သတိထားသင့်ပါသည် ။ အရောင်ဆိုးထားသော လက်သည်းဆေးများသည် ဝင်ရောက်ခြင်းများလာပါက အူလမ်းကြောင်းနှင့်ဆိုင်သောရောဂါများ ဖြစ်ပေါ်လာတက်ပါသည်။  

အစာစားပြီးတိုင်း ရေခဲရေအေးဖြင့် ပါးလုပ်ကျင်းထွေးခြင်း မလုပ်သင့်ပါ ။သာမန်ရေဖြင့်သာ ပါးလုပ်ကျင်းခြင်း လုပ်သင့်ပါတယ် ။ ခပ်နွေးနွေးရေနွေးဖြင့် ပြု့ လုပ်နိုင်ပါက ကောင်းမွန်ပြီး အိမ်သုံးဆားအနည်းငယ်ထည့်ပြီး ပါးလုပ်ကျင်းလျှင် ပိုမိုကောင်းမွန်ကြောင်းတွေ့ ရှိရပါတယ် ။  

အဝတ်အစားများကောင်းမွန်တန်းဖိုးရှိရန် မလိုဘဲ သန့် ရှင်းစွာ ဖွတ်လျှော်ထားသော အကျီ င်္သာလျှင် ကျန်းမာရေးအတွက် ကောင်းမွန်သလို ဝတ်စားရသူအတွက်လည်း စိတ်ကို လန်းဆန်းပေါ့ပါးစေပါတယ် ။  

ဝတ်ဆင်ပြီးသား အဝတ်စားများကို နေရောင်ရသောနေရာနှင့်လေဝင်လေထွက်ကောင်းသောနေရာတွင် မလျှော်ဖွတ်မိ ထားသိုသင့်ပါတယ် ။  

သွားတိုက်တံ ၊သွားတိုက်ဆေး နှင့် ကိုယ်တိုက်ဆပ်ပြာများကို မိသားစုလိုက် ( သို့ ) အစုအဖွဲ့ များ မျှဝေသုံးစွဲခြင်း မပြု့ သင့်ပါ ။သီးခြားစီ သာသုံးစွဲသင့်ပါသည် ။  

သင်အိပ်စက်မည့် ခေါင်းအုံးများသန့် ရှင်းရန် လိုအပ်ပြီး သင်ညမအိပ်စက်မိ မျက်လုံးပိတ်ပြီး လေကို ခပ်ပြင်းပြင်း ရှု ထုတ်ခြင်း အကြိမ်ရေအားဖြင့် အနည်းဆုံး ၁၀ ကြိမ် လုပ်ဆောင်ပြီးမှ အိပ်စက်ပါ ။

ကျန်းမာရေးအလေ့အကျင့်များ သိရှိလိုက်နာခြင်းသည် သင့်အတွက် အာရောဂျ ပရမ လာဘ ဆိုသည့် ကျန်းမာခြင်းသည် လာဘ်တစ်ပါး ပင်ဖြစ်ပါတော့သည် ။
အသက်ရာကျော် ရှည်ပါစေ
 Mg Mandalay

credit to >> Mg Mandalay facebook

No comments:

Post a Comment