Tuesday 8 October 2013

မူးဝေခြင်းအတွက် အိမ်တွင် လွယ်ကူလျှင်မြန်စွာ သက်သာစေသော နည်းလမ်းများ

by ပိုပိုဇော်(သဘာဝအားအင်)October 7, 2013 at 10:21pm

Vertigo လို့ခေါ်တဲ့ မူးဝေခြင်းကို ခံစားရမယ်ဆိုရင် ခံရသူဟာ  ပတ်ဝန်းကျင်ဟာ ချာချာလည်နေခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်းတွေကို ခံစားရပြီး အော့အန်ခြင်းတွေကိုပါ ရုတ်တရက်ကြုံတွေ့နိုင်ပါတယ်။ ဒါဟာ နားရဲ့အတွင်းဖက်ပိုင်းက semi-circular လမ်းကြောင်းငယ် မှာ ပြဿနာရှိနေလို့ပဲ ဖြစ်ပါတယ်။

ဖြစ်ရတဲ့အကြောင်းရင်းများ

- အတွင်းနားမှာ လွင့်မျောနေသည့် ကယ်လစီယမ်ကာဘွန်နိတ်ပုံဆောင်ခဲငယ်များပိတ်ဆို့နေခြင်း
- နားတွင်းပိုးဝင်မှု ဖြစ်ပွားခြင်း
- အမြင်အာရုံထိခိုက်ခြင်း
- ခေါင်းထိခိုက်ခြင်း
- ဦးနှောက်အကျိတ်များ
- သွေးအားနည်းခြင်း၊ ဦးနှောက်သို့ သွေးလှည့်ပတ်မှု မလုံလောက်ခြင်း
- သွေးတိုးခြင်း၊ ကိုလက်စတီရောများ ခြင်း၊ ဆီးချိုသွေးချိုရောဂါ
-ရေဓာတ်နည်းပါးခြင်း၊ လေဖြတ်ခြင်း စသဖြင့် အကြောင်းအရာပေါင်းများစွာရဲ့နောက်ဆက်တွဲပြဿနာအနေ နဲ့မူးဝေခြင်းကရှိနေပါတယ်။


နည်းလမ်းများ

Tip1-

ဇီးဖြူသီးအမှုန့် လက်ဖက် ဇွန်း သုံးဇွန်းကို ရေနဲ့ရောပါ။အဲဒီ နောက်နံနံစေ့မှုန့်တစ်ဇွန်း ထပ်ပေါင်း ပါ။ သကြားဇွန်းဝက်ခန့် ထည့်ပြီး ညစဉ်ဖျော်သောက်ပေးပါ။

Tip2-

ကိုယ်ခန္ဓာကို ဖြေလျော့ထား ပါ။ ပြီးရင်အိပ်ပျော်အောင် ကြိုးစားပါ။ အိပ်မပျော်ခြင်း၊ အိပ်ချိန် နည်းပါးခြင်းဟာခေါင်းမူးခြင်း၊ ခေါင်း အုံခြင်းတွေနဲ့ပျို့အန်ခြင်းတွေကို ဖြစ် စေပါတယ်။

Tip3-

သစ်သီးလတ်လတ်ဆတ်ဆတ် ကို ကြိတ်ချထားတဲ့ သောက်စရာတွေကို သောက်သုံးပေးရင် ရေဓာတ်ဆုံးရှုံးလို့ဖြစ်တဲ့ ခေါင်းမူးခြင်းကို သက်သာစေပါတယ်။ွှ

Tip4-

အမြန်စာ (fast food)၊ အလွယ်စာတွေကို စားခြင်းကို ရှောင်ပါ။ အိပ်ယာထဲမှာ တစ်ဖက်ပဲစောင်း ပြီး အိပ်ခြင်းဟာ ဟန်ချက်ကို ထိန်းနိုင်ခြင်းကို လျော့ပါးစေပြီး ခေါင်းမူး စေနိုင်ပါတယ်။

Tip5

-စတော်ဘယ်ရီသီးများကို ကြိတ်ချေပါ။ ပြီးရင် ဒိန်ချဉ်နဲ့ရောပါ။ နေ့စဉ် သောက်ပေးရင် ခေါင်းမူးခြင်းကို သက်သာစေပါတယ်။

Tip6 -

ချင်း(ဂျင်း) လက်တစ်ဆစ်ခန့် ကို လက်ဖက်ရည်ကြမ်းထဲမှာ ထည့် ပြီးသောက်ပေးပါ။ မသောက်လိုရင် ၀ါးစားပေးပါ။ ဒါဆိုရင် သွေးပေါင်ချိန် တက်ခြင်းကြောင့်ဖြစ်တဲ့ ခေါင်းမူး၊ ခေါင်းကိုက်ခြင်း၊ ပျို့အန်လိုခြင်းကို သက်သာစေပါတယ်။

Tip7-

မက်မန်းသီး (almonds) အနည်းငယ်ကို ကြိတ်ချေပြီး နို့ပူပူ တစ်ခွက်နဲ့ ရောပါ။ သောက်သုံးပေး ရင်စွမ်းအင်ပြည့်ဝစေတဲ့အပြင် ခေါင်းမူးခြင်းကိုလည်း သက်သာစေပါတယ်။

Tip8-

ပျို့အန်ပြီး ခေါင်းမူးတာမျိုးဆိုရင်တော့ ဆားအနည်းငယ်၊ ငရုတ် ကောင်းစေ့အနည်းငယ်ကို လိမ္မော်ဖျော်ရည်တစ်ဖန်ခွက်နဲ့ရောသောက် ပါ။ ပျို့အန်တာတွေ လုံးဝသက်သာ သွားပါလိမ့်မယ်။

ငြိမ်းအေး
ref;ANI
credit to >>>Health Updates Journal No. 86

No comments:

Post a Comment