Friday, 8 November 2013

ပဲစောင်းလျားသီး၏ကျန်းမာရေးအစွမ်း

by ပိုပိုဇော်(သဘာဝအားအင်)November 9, 2013 at 5:27am

ပဲစောင်းလျာသီးကိုပူပြီးစွတ်စိုတဲ့နိုင်ငံတွေမှာအတွေ့များပါတယ်။ယေဘုယျ အားဖြင့်နွယ်ပင်တစ်ပင်အနေနဲ့ပေါက်ရောက်တဲ့ပဲစောင်းလျားပင်ဟာပျမ်း မျှအားဖြင့်3-4မီတာလောက်မြင့်ပါတယ်။ပဲစောင်းလျားပင်ရဲ့အမြစ်ဟာအာ လူးနဲ့ဆင်တူပြီးအာလူးထက်ပရိုတင်းဓာတ်ပါဝင်မှုပိုများပါတယ်။


ဗီတာမင်နဲ့သတ္တုဓာတ်ပါဝင်မှု

ပဲစောင်းလျားသီးမှာဗီတာမင် အေ၊ဗီတာမင်စီ၊ကယ်လစီယမ်၊သံဓာတ်နဲ့တစ် ခြားဗီတာမင်ဓာတ်တွေပါဝင်ပါတယ်။ဒါ့အပြင်အင်ဇိုင်းတွေလဲပါဝင်ပါတယ်။

အရိုးစနစ်ကျန်းမာစေခြင်း

ပဲစောင်းလျားသီးမှာကယ်လစီယမ်ပါဝင်မှုများတဲ့အတွက်လူတွေရဲ့အရိုးစ နစ်အတွက်အလွန်အကျိုးပြုပါတယ်။ပဲစောင်းလျားသီးမှာပါဝင်တဲ့ကယ်လ စီယမ်ဓာတ်ဟာအရိုးစနစ်ကိုတည်ဆောက်ပေးပြီးရောဂါဝေဒနာတွေမရ အောင်ကာကွယ်ပေးကာသန်စွမ်းကျန်းမာစေပါတယ်။  

ပရိုတင်းပါဝင်မှုမြင့်မားခြင်း

ပဲစောင်းလျားသီးမှာပရိုတင်းဓာတ်ပါဝင်မှုမြင့်မားတာကြောင့်သက်သက် လွတ်စားသူတွေအတွက်သင့်တော်ပါတယ်။

Tip

-ပဲစောင်းလျားသီးဝယ်တဲ့အခါညှိုးနေတဲ့အမျိုးအစားမ၀ယ်ပါနဲ့။ပဲစောင်းလျားသီးမှာအညိုရောင်အစက်တောင်မပါသင့်ပါဘူး။ -ပဲစောင်းလျားသီးဝယ်လာပြီးသိမ်းထားချင်ရင်အကောင်းဆုံးနည်းကပ လတ်စတစ်အိတ်ထဲထည့်ပြီးရေခဲသေတ္တာထဲထည့်ထားဖို့ပဲဖြစ်ပါတယ်။ ဒါဆိုရင်2-3ရက်လောက်အထားခံပါတယ်။ -ပဲစောင်းလျားသီးကိုမချက်ခင်ရေအေးနဲ့သေချာဆေးကြောပါ။
-ပဲစောင်းလျားသီးကိုပရိုတင်းဓာတ်အားဖြည့်တဲ့အနေနဲ့စားနိုင်ပါတယ်။

ကြယ်စင်
By Good Health

No comments:

Post a Comment