Friday 8 November 2013

အသားအရေလှပစေရန် အထောက်အကူပြုသည့် ပန်းကလေးများ

by ပိုပိုဇော်(သဘာဝအားအင်)November 9, 2013 at 5:34am

နှင်းဆီပန်း    

မိမိချိုးမည့်ရေချိုးကန်ထဲသို့ နှင်းဆီပွင့်ဖတ်ကလေးများ ထည့်ခြင်းဖြင့် အသားအရေထဲကို စိမ့်ဝင်ပြီး အသားအရေတင်းရင်းမှုကိုဖြစ်စေသည်။ သာမန်အသားအရေကိုဖြစ်စေ၊ ခြောက်သောအသားအရေကို ဖြစ်စေ အားဖြည့်စေသော toner အဖြစ်လည်းကောင်း၊ အဆီပျံသော အသားအရေအတွက် အရေပြားအက်ကွဲမှုကို စေ့သွားစေရန် လည်းကောင်း စသည့်အကျိုးကို ရစေသည်။ အချို့က အသားအရေ ကြေးနီရောင် ဖြစ်ခြင်းမှ ကာကွယ်ရန် နှင်းဆီကို အသုံးပြုကြသည်။ မိမိမအိပ်မီရေချိုးကန်တွင်းနှင်းဆီပွင့်ဖတ်များကို ထည့် ပြီး စိမ်ပေးပါ။ နံနက်တွင် ရေအေးနှင့် ချိုးလိုက်ပါ။ ချော၍ လန်းဆန်းသော အသားအရေကို ရရှိပါလိမ့်မည်။


ပြောင်းဖူးပွင့်

အသားအရေရောင်ရမ်းခြင်း၊ ဖောခြင်း၊ ယားယံ၊ စပ်ဖျဉ်းခြင်း၊ အမည်းရောင်အဆံများထွက်ခြင်း၊ အင်ပြင်ထခြင်းတို့အတွက် အသားအရေသန့်စင်စေရန် အသုံးပြုသည်။ ပြောင်းဖူးပွင့်၏ပွင့်ဖတ်များကို ချေ၍ ပျော့ဖတ်ဖြစ်အောင် လုပ်ပြီး မျက်နှာပါင်းတင်ခြင်းဖြင့် ၀က်ခြံနှင့်နေရောင်ကြောင့်ဖြစ်သော အနီကွက် များကို ကာကွယ်ပေးသည်။ ဓာတ် မတည့်၍့ဖြစ်သော အရေပြားအဖုအပိန့်များ ထွက်ခြင်းကိုလည်း သက်သာစေသည်။

ခေါင်ရမ်းပန်း

သဘာဝ Alpha Hydroxl Acid  ပါဝင်ပြီး အရေးအကြောင်းများ မှေးမှိန်ပြီး နုပျိုမှုကို ပေးစွမ်းသည်။ ဤပန်းကို ခြေ၍ ပျားရည်၊ နို့၊ နနွင်းတို့၏အရောနှင့် ဆတူရောပြီး အသားပေါ်တွင် လိမ်းပြီး အခြောက်ခံပါ။ ပြီးလျှင် ရေအေးနှင့် ဆေးပါ။ နုပျိုသောအသားအရေကို ရရှိသည့်အပြင် လင်းလက်သော အသားအရေ၊ အမည်းကွက်၊  မျက်ကွင်းညိုခြင်းကို လျော့ပါးပျောက်ကွယ်စေသည်။ အ၀ါရောင် Primrose  ပန်း လင်နိုလစ်အက်ဆစ် ကြွယ်ဝပြီး လွန်ကဲစွာခြောက်သွေ့သော အသား၊ နှင်းခူ၊ ကြမ်းထော်ပြီး အနီပိန့်များ ထွက်ခြင်းကို ကုသပေးနိုင်သည်။ ဆောင်းရာသီတွင် အရေပြားအတွက် ကောင်းမွန်သောပန်းမျိုး ဖြစ်သည်။ မျက်နှာပေါင်းတင်ရာ၌လည်း အသုံးပြုနိုင်သည်။
ဒေါန

credit to >>Health Updates Journal October 30, 2013

No comments:

Post a Comment