Wednesday 10 April 2013

ဝက်ခြံကို သဘာဝနည်းနဲ့ ကုသရအောင်

 by ပိုပိုဇော်(သဘာဝအားအင်)on Wednesday, April 10, 2013 at 5:32pm


ဝက်ခြံတွေကို အိမ်တွင်းသဘာဝ ပစ္စည်းတွေနဲ့ သက်သာ ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းတွေကို ရေးသားလိုက်ရပါတယ်။

-သံပရာရည်နဲ့ နှင်းဆီရည်ကို ဆတူရောပါ။ ပြီးရင် ဝက်ခြံပေါက်နေတဲ့ မျက်နှာအစိတ်အပိုင်းကို လိမ်းပေးပြီး တစ်နာရီကြာ ထားပါ။ ၁၅-၂၀ ရက်ခန့် ဆက်တိုက် ပြုလုပ်ပေးရင် လိုချင်တဲ့ရလဒ်ကို ရရှိစေပါတယ်။


-ထောပတ်သီးကို ရေနဲ့ရောပြီး စေးပျစ်အောင် မွှေလိုက်ပါ။ ပြီးရင် သန့်စင်ထားတဲ့ မျက်နှာပေါ်ကို ညင်ညင်သာသာ ပွတ်သပ်လိမ်းကာ ငါးမိနစ်ခန့် ထားပါ။ ပြီးမှ ရေနဲ့ ဆေးကြောလိုက်ပါ။

-ကြက်သီးနွေးရေ တစ်ခွက်ထဲကို ပျားရည်ထမင်းစားဇွန်း တစ်ဇွန်းနဲ့ သံပရာသီးတစ်ခြမ်းကရတဲ့ အရည်တို့ကို ရောပြီး နံနက်အိပ်ရာထချိန်တိုင်း သောက်ပါ။

-ဝက်ခြံပျောက်ဖို့အတွက် ပင်စိမ်းကိုလည်း အသုံးပြုနိုင်ပါတယ်။ ပင်စိမ်းရွက်အရည် လက်ဖက်စားဇွန်း ၂-၃ ဇွန်းထဲ ရေထည့်ကာ ၁၀-၂၀ မိနစ်ခန့် ပြုတ်ပါ။ ပြီးရင် အအေးခံပြီး ဝက်ခြံပေါက်နေတဲ့ မျက်နှာပြင်ပေါ် ဝါဂွမ်းစနဲ့ ပွတ်သပ်လိမ်းပေးပါ။

-မှည့်နေတဲ့ ခရမ်းချဉ်သီးအနှစ်ကို ဝက်ခြံပေါ်မှာလိမ်းပြီး တစ်နာရီခန့် ကြာမှ ရေနဲ့ ဆေးကြောလိုက်ပါ။ ဝက်ခြံဖြစ်စေတဲ့ အညစ်အကြေးနဲ့ အဆီတွေကို ကင်းစင်စေပါတယ်။

-နနွင်းမှုန့်ကို စေးပျစ်အောင် ဖျော်ပြီး ဝက်ခြံပေါက်တဲ့ နေရာမှာ သုတ်လိမ်းပေးပါ။ မိနစ် ၃၀ ကြာမှ ကြက်သီးနွေးရေနဲ့ ဆေးကြောပေးရပါမယ်။

ဇွန်
Ref>>> Good Health Journal No.430


No comments:

Post a Comment