Sunday 7 April 2013

အပှုဒဏ်ကို တွန်းလှန်နိုင်သော အစားအစာများ

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, April 7, 2013 at 7:10pm

နွေရာသီမှာ ပူအိုက်ပြီး ရေဓာတ်ခမ်း ခြောက်မှုကို သက်သာစေကာ ဝမ်းဗိုက် ချပ်ရပ်တဲ့ အလှတရား ကိုပါ ရရှိစေမယ့် သရေစာ တွေကို ရေးသား လိုက်ရပါတယ်။


(၁) ဖရဲသီး

ဖရဲသီးမှာ ရေဓာတ် ၉၂ ရာခိုင်နှုန်း ပါဝင်တဲ့ ဖရဲသီးဟာ နွေရာသီ ရေဓာတ် ခမ်းခြောက် မှုမဖြစ်အောင် ကာကွယ် ပေးသလို ကိုယ် စေတာကြောင့် ဝမ်းဗိုက် ချပ်ရပ်စေပါ တယ်။ ဒါ့အပြင် ဗီတာမင်စီ အများအပြား ပါဝင်ပြီး ကယ်လိုရီ ပါဝင်မှု လျော့နည်း တာကြောင့် ကိုယ်အလေးချိန် ထိန်းလိုသူ တို့အတွက် အကောင်းဆုံး သရေစာပါ။

(၂) ဒိန်ချဉ်

ဒိန်ချဉ် တစ်ခွက်မှာ ပရိုတင်းဓာတ် ၂၀ ဂရမ် ပါဝင်တာကြောင့် ကယ်လိုရီ အပိုမရရှိ စေဘဲ ချက်ချင်း ဗိုက်ပြည့်စေပါ တယ်။ ဒိန်ချဉ်မှာ ပိုတက်စီယမ်လည်း ပါ ဝင်တာကြောင့် ကိုယ်တွင်း ဆိုဒီယမ် အပို တွေကို တွန်းထုတ် နိုင်သလို အကျိုးပြုဘက် တီးရီးယား ပါဝင်မှုကြောင့် လေပွတာနဲ့ လေ ထတာကို လျော့ကျ စေပါတယ်။

(၃) သခွားသီး

သခွားသီးမှာ ရေဓာတ် ၉၆ ရာခိုင် နှုန်း ပါဝင်မှုကြောင့် ပူပြင်းတဲ့ အချိန်မှာ အေးမြ လန်းဆန်း သွားစေတဲ့ အစွမ်းရှိပါ တယ်။ ဒါ့အပြင် သခွားသီးမှာ ကယ်လိုရီ ပါဝင်မှု နည်းပါးတဲ့ အတွက် ဝမ်းဗိုက်ချပ် ရပ်လိုသူတွေ စားသင့်တဲ့ သရေစာပါ။

ကြယ်စင်
Ref>>> Good Health

2 comments:

  1. ဗဟုသုတ များစွာရရှိစေပါသဖြင့် ကျေးဇူးအထူးတင်ပါတယ်။ ကျန်းမာရေးအတွက် အခြား အကျိုးရှိ စေသော ပို့စ်များရှိပါကလည်း ဆက်လက်၍တင်စေလိုပါတယ်။ ကျေးဇူးအထူး ထပ်တင်ပါသည်။

    ReplyDelete
    Replies
    1. ဆက်လက်ပြီးကြိုးစားတင်ဆက်နေပါမယ်။အမှတ်တစ်ရ comment ပေးခဲ့လို့လဲ ပိုပြီးအားရှိစေပါတယ်ကျေးဇူးပါ chit oo

      Delete