Sunday 29 December 2013

အသည်း ကို ကာကွယ်ပေးတဲ့ အမြဲစားသင့်သောပာင်းသီးပာင်ရွှက် ၁၂မျိုး

by ပိုပိုဇော်(သဘာဝအားအင်)December 30, 2013 at 12:49am

ပာင်းရွှက်များတွင်ပြည့်နှက်နေသောဗီတာမင် ၊ များပြားသောသစ်ဆေး ၊ အက်စစ် ၊ အဇီဝမူလ ဆား အစရှိသည်တို့ပါဝင်ပြီး အဲဒီဓာတ်တွေက အသည်းရောဂါသည်များအတွက်ကျန်းမာရေးပြန်လည်ကောင်းမွန်လာ တဲ့အချိန်မှာမရှိမဖြစ်တဲ့ အာပာာရအစာတွေဖြစ်ပါတယ် ။ အသည်းရောဂါသည်များအတွက် အကျိုးပြုသောပာင်းသီးပာင်းရွှက်တွေကများပြားတာမို့ တချို့တွေကိုသူငယ်ချင်းတို့လည်းသိနားလည်ရအောင်မျှဝေလိုက်ပါတယ် ။

(၁) ကြက်သွန်ဖြူ

အသည်းရောဂါသည် သည် ကြက်သွန်ဖြူ ကိုချက်ပြီးသားသာစားသင့်ပါတယ် ။ Vit A, Vit B1, Vit C, Vit C ,ဗက်တီးရီးယားပိုးနှင့်ဗိုင်းရတ်ပိုးကိုဆန့်ကျင်နိင်ခြင်း ၊သွေးလွတ်ကြောများကိုပျော့ပျောင်းစေတယ် ။


(၂) ကဇွန်းရွှက်

ကဇွန်းရွှက်တွင် အသားဓာတ် ၊ စားသုံးဆီ ၊ မူလ ဆား ၊Niacin ၊ မုန်လာဥနီ ဓာတ် အစရှိသော ....ပါဝင်ပြီး အဆိပ်ပြေစေနိင်စွမ်းရှိပါတယ် ။

(၃) Capsella bursa-pastoris (shepherd's purse) ***(အဲဒီအရွှက်က သဘာဝပေါက်တာပါ ။ မြန်မာလိုမသိပါ ။

သူငယ်ချင်းတို့သိအောင်ပုံကိုတင်ပေးလိုက်ပါတယ် ) Vit B ,Vit C ,Niacin ၊ မူလဆားဓာတ် ။မုန်လာဥနီဓာတ် များပါဝင်ပြီး သွေးခဲစေတဲ့အချိန်ကိုတိုတောင်းခြင်း ။သွေးတိတ်စေတဲ့စွမ်းအားလည်းရှိပါတယ် ။ (တာရှည်စွာစွဲနေသောအသည်းရောဂါသည်အတွက်) နှာခေါင်းသွေးယိုခြင်း၊ သွားဖုံးသွေးထွက်ခြင်းအတွက် သင့်လျော်ပါတယ် ။

(၄) ဂေါ်ဖီထုပ်

ဂေါ်ဖီထုပ် ထဲတွင် Vit C, Vit B1,B2, B12,Vit Eနှင့်မုန်လာဥဝါဓာတ် ပါဝင်ပြီး အစိမ်းစားခြင်းဖြင့် အစာအိမ်နှင့်အူသိမ်ပြည်တည်နာခြင်း ၊နာကျင်ခြင်းအတွက်ထိရောက်ပါတယ် ။

(၅) မှို

မှို ထဲတွင်Polysaccharides ,ဗီတာမင်များ ၊အသားဓာတ် ၊စားသုံးဆီများပါဝင်ပါတယ် ။ Polysaccharides က ကိုယ်ခံအားရှိခြင်း၊ ကင်ဆာရောဂါကိုကာကွယ်ပေးနိင်စွမ်းအားရှိပါတယ် ။ အသည်းရောဂါရှိသူများ မကြာခဏစားသင့်ပါတယ် ။

(၆) မှိုခြောက် (fungus)

(အဖြူ ၊အမဲ နှစ်မျိုးရှိပါတယ် ။ ပာင်းခါးတွင်ထည့်ချက်စားတာများပါတယ် ) မှိုခြောက်ထဲတွင် အသားဓာတ်၊ စားသုံးဆီ၊polysaccharideဓာတ်ပါဝင်ပါတယ် ။ အစာအိမ်အတွက် အာပာာရဖြစ်စေပါတယ် ။

(၇) ပင်လယ်ရေမှော်များ

ပင်လယ်ရေမှော်များထဲတွင် အိုင်အိုဒင်းဒြပ်။ဗီတာမင် ။အသားဓာတ်၊စားသုံးဆီ ။ alginic acid,ပါဝင်တာမို့ချွဲသလိပ်များကိုပျော်စေတယ် ။ သွေးထွက်သည့်အခါခဲစေတဲ့ကလာပ်စည်း စုစည်းခြင်းကိုတားမြစ်ခြင်း ၊ဖက်ခွက်နာဖြစ်ခြင်းမှခုခံနိင်ပါတယ် ။

(၈) Lily နှင်းပန်းပင်မျိုး (ပိုင်ဝါး =တရုတ်အသံထွက်)

နှင်းပန်းပင်မျိုးထဲတွင် အသားဓာတ် ၊ အဆီဓာတ်များပါဝင်ပြီး ချောင်းဆိုးပျောက်စေခြင်း၊ စိတ်ကိုတည်ငြိမ်စေခြင်း၊ အသည်းအသားမျှင်ဖြစ်ခြင်း ၊အသည်းရွတ်ရောဂါ ကိုကာကွယ်ပေးနိင်ပါတယ် ။ ***မြန်မာနိင်ငံရှိတချို့တရုတ်စားသောက်တိုင်များတွင်ပာင်းချက်ရောင်းပါတယ် ။

(၉) မုန်လာဥနီ

မုန်လာဥနီ ထဲတွင် ဗီတာမင်အေပါဝင်ပါတယ် ။ ဗီတာမင်အများဆုံးပါမို့အသည်းရောဂါသည်များအတွက် သင့်လျော်ပါတယ် ။ အစာအိမ်ကိုကျန်းမာစေခြင်း ။ကင်ဆာရောဂါကိုကာကွယ်ပေးနိင်စွမ်းရှိပါတယ် ။

(၁၀)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးထဲတွင်အသားဓာတ်၊အဆီဓာတ်၊ VitB1,VitB2,VitC နှင့်မုန်လာဥနီဓာတ်များပါပါတယ် ။အဆိပ်ပြေ အပူကျစေတဲ့စွမ်းအားရှိပါတယ် ။အသည်းအဆီဖုံးသူများအတွက်ပိုသင့်လျော်ပါတယ် ။

(၁၁) ကျောက်ဖရုံသီး

ကျောက် ဖရုံသီး ထဲတွင် ဗီတာမင်များ ။ အသားဓာတ်၊အဆီဓာတ်၊ပါဝင်ပြီး ကျောက်ဖရုံသီး အခွံကအရောင်ကျစေခြင်း၊ ကျောက် ဖရုံစေ့ကအနာပဆုပ်အရောင်ကျစေခြင်း၊ ချွဲပျော်ချောင်းဆိုးပျောက်ခြင်း၊ ကျောက် ဖရုံသီးအသားက ရေငတ်ပြေခြင်းအပူကျစေခြင်း ငါးဂဏန်းအဆိပ်ကိုဖြေစေနိင်စွမ်းရှိပါတယ် ။

(၁၂) သခွားသီး

သခွားသီးထဲတွင် VitB1,VitB2,အသားဓာတ်နှင့်အဆီဓာတ်ပါဝင်ပါတယ် ။ အသားမျှင်ဓာတ်က အုလမ်းကြောင်းမှာရှိတဲ့အဆိပ်များကိုဖယ်ထုတ်နိင်ခြင်း ။ကိုလက်စထရောကိုကျဆင်းနိင်စွမ်းရှိပါတယ် ။ သခွားသီးထဲတွင် အယ်ကိုပောာအက်စစ်က သကြားဓာတ်ကိုပာန့်တားပီးအဆီဖြစ်အောင်လုပ်ဆောင် နိင်တာမို့အဆီများသောအသည်းရောဂါကိုကာကွယ်ပေးနိင်ပါတယ် ။

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ....♥♥♥
အသည်းကလည်းခန္ဓာကိုယ်အရေးပါအရာရောက်တာမို့ဂရုစိုက်သင့်ပါတယ် ။ အသည်းရောဂါကအဖြစ်များတာတာမို့ပိုပြီးအလေးထားဂရုစိုက်ပါ ။နေ့တိုင်းနေထိုင်စားသောက်မှုလှုပ်ရှားမှုတွေနဲ့လည်းဆိုင်ပါတယ် ။ အဆီအစိမ့်အငံ အချို အစားအသောက်၊ဆေးလိပ်၊အရက်၊အိပ်ရေးပျက်၊ တို့ကြောင့်လည်းအသည်းရောဂါဖြစ်နိင်ပါတယ် ။

အခုတော့အသည်းရောဂါကြိုတင်ကာကွယ်ဆေးများကိုထိုးနိင်ပါတယ် ။ စုစုပေါင်းသုံးလုံးထိုးရပါတယ် ။
(ပထမဦးဆုံးတစ်လုံး => တစ်လကြာပြီးတစ်လုံး=> ခြောက်လကြာပြီးတစ်လုံးထိုးရပါတယ် ။) အသည်းအတွက်ကျန်းမာရေးကောင်းမကောင်းကို သွေးစစ်ဆေးခြင်းဖြင့်သိနိင်ပါတယ် ။ အနည်းဆုံး ၈နာရီ အစားမမစား ရေမသောက် ၊ ပြိးမှသွေးစစ်တာပါ ။ ဘီ ပိုးကာကွယ်ဆေးမထိုးခင်သွေးစစ်ဆေးပြီးမှ ထိုးတာကပိုသင့်တော်ပါတယ် ။
ံ( GOT 10~42 U/L GPT 10~40U/L ) Normal ဖြစ်ပါတယ် ။ HAV, HBsAg ,HBeAg အစရှိသည်တို့ကိုလည်းစစ်ဆေးသင့်ပါတယ် ။ အသည်းရောဂါ ကလည်းကုးစက်တာမို့သတိထားစေချင်ပါတယ် ....

သူငယ်ချင်းများအားလုံးကျန်းမာပါစေ .......♥♥♥
Jin Li Chao
2013.08.12 at 22:16pm
photo copy from google search
credit to >>>Jin Li Chao facebook

No comments:

Post a Comment