Friday 27 December 2013

ကရဝေးနဲ့ ကျန်းမာရေး အကျိုးပြုအာနိသင်

by ပိုပိုဇော်(သဘာဝအားအင်)December 27, 2013 at 2:34pm

ကရဝေးဆိုတာနဲ့ ဒံပေါက်၊ အမဲနှပ်များမှာ ပါဝင်တဲ့အရွက်ကို မြင်ယောင်မိကြပါလိမ့်မယ်။ဒါပေမယ့် ကရဝေးရွက်လိုပဲ ကရဝေးရဲ့ အစေ့မှာလည်း အသုံးဝင်မှုတွေ ရှိနေပါတယ်။
ကရဝေးဟာ ပေါင်မုန့်၊ ဘီစကွတ်၊ ကိတ်နဲ့ချိစ်တွေမှာ အနံ့ အရသာ ပိုကောင်းစေဖို့ ထည့်သွင်းလေ့ ရှိပါတယ်။

(၁)ကရဝေးစေ့ဟာ ချွဲသလိပ်များကို ဖယ်ရှားရှင်းလင်းပြီး ချောင်းဆိုး ပျောက်ကင်းစေနိုင်ပါတယ်။

(၂)အစာခြေစနစ်ကို ကောင်းမွန်စေပြီး ဗိုက်နာခြင်း၊ လေပွခြင်း၊ လေမလည် ခြင်းတွေကို သက်သာအောင် အူကြွက်သားတွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။


(၃)ကရဝေးစေ့ အမှုန့်ဟာ သွေးခြေဥအနာတွေကို ကျက်စေနိုင်ပါတယ်။

(၄) အစာစားချင်စိတ်ကို ဖြစ်စေပြီး နားကိုက်ခြင်းကို သက်သာစေပါ တယ်။

(၅)ရာသီလာခါနီးနဲ့ လာနေစဉ် ကိုက်ခဲခြင်းကို လျော့ပါးသက်သာစေ နိုင်ပါတယ်။

(၆)နို့တိုက်မိခင်တွေ နို့ထွက်ကောင်း စေဖို့ ကရဝေးစေ့ကို ဟင်းလျာများမှာ ထည့်သွင်းချက်ပြုတ်ပေးနိုင်ပါတယ်။

(၇)ကရဝေးစေ့အဆီကတော့ ပွေး၊ ၀ဲ၊ အနာတွေအတွက်အစွမ်းထက်တယ် လို့သိရပါတယ်။

(၈) လည်ချောင်းနာခြင်းကိုတော့ ကရ ဝေးစေ့အမှုန့်ကို ရေနွေးနဲ့ဖျော်ပြီး အာလုတ်ကျင်းပေးခြင်းဖြင့် သက်သာစေနိုင်ပါတယ်။

(၉)၀မ်းပျက်၊ ၀မ်းလျှောခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။

သန့်စင်
Ref: Zeeneus
photo copy from google search
credit to>>Health Updates Journal No. 96

No comments:

Post a Comment