Monday 9 December 2013

အသားအရေကိုထိခိုက်ပျက်စီးစေမယ့် အစားအသောက်(၁၀)မျိုး

by ပိုပိုဇော်(သဘာဝအားအင်)December 9, 2013 at 4:01pm

(၁) အသားအရေလှပမှုအတွက် န္ဓာကိုယ်ထဲမှာ ရေဓာတ်အလုံအလောက်ရှိဖို့ လိုအပ် ပါတယ်။ လူတစ်ယောက်ဟာ တစ်နေ့ ကို ကော်ဖီ ၃-ခွက်ထက်ပိုမသောက်သင့် ပါ ဘူး။ ကော်ဖီထဲမှာပါတဲ့ ကဖိန်းဓာတ်တွေက ခန္ဓာကိုယ်ထဲက ဟိုမုန်းထွက်ရှိမှုပမာဏကို တိုးပွားလာကာ၊ ရေဓာတ်ခမ်းခြောက်စေတဲ့အပြင် အရေပြားပါးခြင်း၊ အရေးအကြောင်း များပေါ်ခြင်း၊ ရေဓာတ်ခမ်းခြောက်၍ အ သားအရေမွဲခြောက်ခြင်း၊ ကာမဆန္ဒအား နည်းခြင်း စတဲ့ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။


(၂) assorted cake ကဲ့သို့ ကိတ်မုန့် အလုံးလေးတွေကို အဆီနည်းအောင်ပြုပြင် ထားတဲ့ ထောပတ်တုတွေနဲ့ ပြုလုပ်လေ့ရှိပါ တယ်။ အဲဒ်ီကိတ်မုန့် လေးတွေ က ဈေးနှုန်း သက်သာတဲ့အပြင် အရသာလည်းကောင်တာမို့  ကလေးရော/လူကြီးများပါ ကြိုက်နှစ် သက်ကြပါတယ်။ ကိတ်မုန့် လုံးလေးတွေကို ထောပတ်လျော့ပြီး သကြားအချိုတွေကဲ ထားတာကြောင့် အသားအရေအရေကို ပျက်စီးစေပါတယ်။

(၃) အခွံမာ ပင်လယ်စာများဖြစ်ကြတဲ့ ပုစွန်၊ ဂဏန်း၊ ကျောက်ပုစွန်၊ ခရု၊ ဂုံးကောင်တွေ မှာ အိုင်အိုဒင်းပမာဏ ပါရှိမှုလွန်စွာမြင့် မားကြပါတယ်။ အချို့ သူတွေက အဲဒီပင်လယ် စာတွေကိုစားပြီး များမကြာမီအတွင်းမှာပင် ဓာတ်မတဲ့ကြဘဲ အသားအရေ ယားနာ နီရဲ ၍ အဖုအပိန့် တွေထွက်လာတတ်သလို၊ အချို့ သူတွေမှာ ၀က်ခြံဖုတွေထွက်လာ ပါ တယ်။ ဒါကြောင့် မကြာခဏ ၀က်ခြံပေါက် တတ်သူများ အနေဖြင့် ပင်လယ်စာတွေကို အလွန်အကြူးမစားသင့်ပါဘူး။

(၄) glycemic နဲ့ ကစီဓာတ်များတဲ့ အစားအစာတွေက အသားအရေ ကို ကောင်းကျိုး မဖြစ်စေပါဘူး။ ၄င်းဓာတ်ကြွယ်ဝတဲ့ အစား အစာများဖြစ်ကြသော ပေါင်မုန့်  (အြ ဖူရောင်)၊ ခေါက်ဆွဲများ၊ နို့ -ထောပတ်-ချောကလက် ကိတ်မုန့် တွေက ၀က်ခြံ ထွက်စေ သလို၊ မျက်နှာအသားအရေကို ဖောင်းအစ်စေပါတယ်။

(၅) ဆား(အငန်)တွေ စားခြင်းက အရေပြားတွေကို ရောင်ရမ်းဖောင်းပွစေပါတယ်။ အထူးသဖြင့် အငန်ဓာတ်တွေက ခန္ဓာကိုယ် ရဲ့  အပါးလွှာဆုံးနေရာဖြစ်တဲ့ မျက်ဝန်း တ၀ိုက်က အရေပြားတွေအောက်မှာ အရည်အိတ်အဖြစ်တည်ရှိကာ မျက်ခွံ မို့ ရောင်ြ ခင်း၊ မျက်ရည်အိတ်တွဲကျခြင်း တွေဖြစ်လာစေပါတယ်။ ငံပြာရည်၊ ငပိရေကြို၊ မျှင်ငပိ၊ ငခြောက်၊ ငပိကောင် တို့ လို ဆားကဲထားတဲ့ အ စားအစာတွေကို သင့်ရုံစားပါ။ ဒါ့အပြင် အသင့်စားအသားဗူးများနဲ့  ဟင်းရွက်/သစ်သီးဝလံစည်သွတ်ဗူးတွေကို တာရှည် ခံအောင် ဆားများထဲ့ထားတာကြောင့် ဗူးခွံပေါ်ကိုစစ်ဆေးပြီး ဆိုဒီယမ်ပမာဏပါရှိမှု နည်းတဲ့ စည်သွတ်ဗူးကိုသာ ရွေးချယ်သင့်ပါတယ်။

(၆) သကြားလုံးနဲ့ ချိုချဉ်တွေမှာ သကြားအချိုဓာတ်အပြည့်အ၀ပါရှိနေတာကြောင့်၊ အဲဒီ လို အချိုကဲထားတဲ့ သကြားလုံးတွေစား ခြင်းဖြင့် အသားအရေမှာ အရေးအေ ကြာင်းဖြစ်စေ လွယ်တဲ့အပြင်၊ အသားအရေကိုညစ်စေပါတယ်။ အချိုဓာတ်များက အရေပြား အတွက် အရေကြီးတဲ့ collagen ဓာတ်ကိုပျက်စီးစေတာကြောင့်လည်း အရေပြားရဲ့ ကျုံ့ ဆန့် စွမ်းအားကို လျော့နည်းသွားကာ၊ အသားအရေ ကို ခြောက်သွေ့  /ရောင်ရမ်း/တွဲကျခြင်းတွေ ဖြစ်လာစေပါတော့တယ်။

(၇) အရက်သေစာ သောက်စားခြင်းက ကျန်းမာရေးကို ဘက်စုံထိခိုက်စေတဲ့အပြင်၊ အယ်လ်ကိုဟောဓာတ်တွေက ခန္ဓာကိုယ်ထဲ မှာ ရေဓာတ်ခမ်းခြောက်မှုကိုဖြစ်စေပြီး အရေပြားဆဲလ်တွေကိုသေစေပါတယ်။

(၈) ဖန်တီးပြုပြင်ထားတဲ့ အစားအစာများဖြစ်ကြတဲ့ ကြက်အူ/၀က်အူချောင်းများ၊ Hot dog များ၊ ကြက်-၀က်-ပင်လယ်စာ စတဲ့ အသားလုံး/အသားပြား များ၊ ခြောက်ဆွဲခြောက် များမှာ ဓာတုပစ္စည်းတွေ အမြောက်အများပါရှိနေတာကြောင့် ၄င်းတို့ ကို လွန်ကြူး စွာ စားသောက်ခြင်းက လူကိုအာဟာရမရှိဘေးဖြစ်စေရုံသာမက၊ အသားအရေကို ထိခိုက် ပျက်စီးစေပါတယ်။ ဒါ့ပြင် ဆီးချို (အ မှတ် ၂) ရောဂါကိုလဲ ဖြစ်စေနိုင်ပါတယ်။

(၉) အချိုမှုန့် ၊ အသားမှုန့် ၊ ဆေးသကြားခဲ စသည်တို့ လို အချိုအရသာများ၊ မျက်စိ ပသာဓဖြစ်အောင်ပြုင်ထားတဲ့ အရောင်ဆိုး ဆေးများ၊ အစားအသောက်တွေမှာ အနံ့ ကောင်းစေဖို့ အသုံးပြုလေ့ရှိတဲ့ရနံ့ တုများ စသည်တို့ မှာ ဓာတုပစ္စည်းတွေ အမြောက် အများပါရှိနေပါတယ်။ ၄င်းအစားအစာတွေကို စားသုံးပြီးတဲ့နောက်၊ အစာထဲမှာပါလာတဲ့ဓာတုပစ္စည်းတွေကို ခန္ဓာကိုယ်မှပြန် လည်စွန့်  ထုတ်ဖို့  လွန်စွာ ခက်ခဲပါတယ်။ ထိုကဲ့သို့ ပြုပြင်ပြောင်းလဲထားတဲ့ အစားအစာတွေကို လွန်ကျုးစွာ စားသောက် မိတဲ့အခါ၊ ဓာတုပစ္စည်းတွေက ခန္ဓာကိုယ်ထဲမှာအောင်းနေပြီး အရေပြားကို ထိခိုက်ပျက်စီးစေပါတော့တယ်။ ဒါ့ပြင် မူးဝေအော့အန်ခြင်းနဲ့  ကင်ဆာရော ဂါတွေ ကိုပါ ဖြစ်စေနိုင်ပါတယ်။

(၁၀) မလိုင်ထုတ်ထားတဲ့နို့ တွေထဲမှာ ဇီဝဓာတ်ဟိုမုန်းတွေ အများအပြားပါရှိနေကြပြီး၊ ထိုဓာတ်တွေက အရေပြားဂလင်းတွေကို အလွန်အမင်းလှုံ့ ဆော်ပေးတာကြောင့် လူ့  ခန္ဓာ ကိုယ်အတွက် ရှိသင့်ရှိထိုက်တဲ့ အဆီတွေစိမ့် ထွက်လာပါတယ်။ ထိုသို့ စိမ့် ထွက် ခြင်းကြောင့် အသားအရေမှာ အဆီဓာတ်တွေခမ်းခြောက်စေပါတော့တယ်။

တင်ထက်ထက်ဇော်
မှီငြမ်း Daily health tips


No comments:

Post a Comment