Sunday 29 December 2013

ကန်စွန်းဥ စားသင့်တဲ့ အကြောင်းရင်း

by ပိုပိုဇော်(သဘာဝအားအင်)December 30, 2013 at 2:38am

ကန်စွန်းဥဟာ အလွယ်တကူ ရရှိနိုင်သော၊ ဈေးသက်သာသော၊ အရသာ ရှိသော အသီးအနှံများထဲမှ တစ်မျိုးဖြစ်ပါတယ်။ ကန်စွန်းဥကို ဘာကြောင့် စားသုံးသင့်သလဲဆိုတဲ့ အချက်များကတော့

- နှလုံးတိုက်ခိုက်ခံရခြင်းကို ကာကွယ်ပေးနိုင်သော ဗီတာမင် B6 ကြွယ်ဝစွာ ပါရှိခြင်း

- အရေပြားတင်းရင်း၊ နုပျိုမှုကို ထိန်းသိမ်းပေးနိုင်သော ကိုလေဂျင် အမျှင်များကို ထုတ်လုပ်ပေးရာတွင် ကူညီပေးသော ဗီတာမင် C များ ပါဝင်နေခြင်း

- ဗီတာမင် D ပါဝင်ခြင်း၊ ထိုဗီတာမင်သည် စွမ်းအင်ပမာဏ၊ စိတ် အခြေအနေ၊ အရိုးများ တည်ဆောက်ခြင်း၊ နှလုံး၊အရေပြား၊ အာရုံကြောနှင့်သွားကျန်းမာရေး တို့တွင် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေခြင်း


- သွေးဖြူဥများ ထုတ်လုပ်ခြင်း၊ စိတ်ဖိစီးမှုများ လျော့ကျခြင်း၊ ခုခံအားစနစ် ကောင်းမွန်ခြင်း စသည့် အကျိုးကျေးဇူးများကို ပေးစွမ်းနိုင်သော သံဓာတ်၊ စိတ်ဖိစီးမှုများကို ပြေလျော့စေနိုင်သော မဂ္ဂနီစီယမ်ဓာတ်၊ နှလုံးခုန်နှုန်းနှင့် အာရုံကြော သတင်းပေးပို့ချက် များကို ထိန်းညှိပေးသော ပိုတက်စီယမ်၊

- သဘာဝ သကြားဓာတ်များ ပါရှိပြီး သွေးကြော ထဲသို့ ဖြည်းညင်းစွာ ထုတ်လွှတ်နိုင်ခြင်း

- ကင်ဆာရောဂါကို မောင်းထုတ်ပြီး အသက်အရွယ် အိုမင်းခြင်းကို တွန်းလှန်ကာ ကွယ်နိုင်သော ကယ်ရိုတီးနွိုက် ဓာတ်များ ကြွယ်ဝစွာ ပါဝင်ခြင်း

- ချက်ပြုတ်နည်း အမျိုးမျိုး ပြုတ်ခြင်း၊ ချက်ခြင်း၊ ဟင်းချို သို့မဟုတ် ကြော်ခြင်း စသည်ဖြင့် ပြင်ဆင်ကာ စားသုံးနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။

photo copy from google search
credit to >>health digest ဂျာနယ်

No comments:

Post a Comment