Monday 23 December 2013

သဘာဝရဲ့ဆေးမြီးတိုများ (မြင်းခွါရွက်)

by ပိုပိုဇော်(သဘာဝအားအင်)December 24, 2013 at 12:03am

မျက်စိနာ

မြင်းခွါရွက်၊ ချင်းရည်နဲ့ ဖျော်သောက်ပါ။

အနာပေါက်

မြင်းခွါရွက်ကိုထောင်း၊ နနွင်းနှင့်ရောအုံထားပါ။


ချိုင်းအောက်နာ (ကိန္နရာ အနာ)

မြင်းခွါရွက်ကို ချင်းစိမ်း၊ နှမ်းဆီနှင့် ထည့်ကြိတ်၊ အနာမှာ အုံပါ။

ငှက်ဖျား

မြင်းခွါရွက်ရည် ငရုတ်ကောင်းနဲ့ ဆတူကြိတ်သောက်ပါ။

ဒူလာ၊ ညောင်းညာ၊ ကိုက်ခဲ၊

မြင်းခွါရွက်ကို ဆီးဖြူခေါက်နှင့် ရော၊ ဆားအနည်းငယ်ထည့်၊ အိုးသစ်နဲ့
သုံးခွက်တခွက်တင် ကျိုသောက်ပါ။

ကိုးဆယ်ခြောက်ပါးဆေး

မြင်းခွါရွက် လေးကျပ်သား၊ ငရုတ်ကောင်း နှစ်ကျပ်သား ရေနွေးနှင့် ညှစ်ပြီး
နံနက်တွင် သောက်ပါ။

ကျန်းမာပျော်ရွှင်ကြပါစေ ♥
ပိုပိုဇော်(သဘာဝအားအင်)

No comments:

Post a Comment