Thursday 26 December 2013

ဘာကြောင့်နှာစေးရသလဲ

by ပိုပိုဇော်(သဘာဝအားအင်)December 26, 2013 at 4:02pm

(၁)ပင်ပအရာဝတ္ထုများ ၀င်ရောက်ခြင်း

နှာခေါင်းတွင်းသို့ ပြင်ပအရာဝတ္ထုများ ၀င်လာပါက အဆက်မပြတ်နှာချေပြီး နှာရည်ဆက်တိုက်ကျတတ်သည်။ နှာခေါင်းတွင်းဝင်ရောက်လာသည့်ဖုန်၊ မှုန်၊ အနံ့များသည် မိမိနှင့်ရင်းနှီးမှုမရှိဘဲ စူးရှပါက နှာချေခြင်း။ နှာရည်ယိုခြင်း ပိုဖြစ်တတ်သည်။

(၂) ရာသီဥတုအေးခြင်း

အေးသည့် လေထုသည် နှာခေါင်းတွင်းနံရံကို လှုံ့ဆော်သောကြောင့် နှာခေါင်းတွင်း အရည်ကျိတ်များ အလုပ်ပိုလုပ်ပြီး နှာရည်ယိုလေ့ရှိသည်။  


(၃) ၀က်သက်နှင့် ဂျိုက်သိုး

ဝက်သက်ဗိုင်းရပ်စ် ကူးစက်ခံရသည့်အခါ ခံစားရသည့် လည်ချောင်းနာခြင်းနှင့် မျက်လုံးရောင်ရမ်းခြင်းတို့ ဖြစ်တတ်သည်။ ဂျိုက်သိုးဗိုင်းရပ်စ်ကြောင့်လည်း နှာရည်ယိုတတ်ပြီး အဆစ်ကိုက်ခြင်း၊ သငန်ရည်ကျိတ်ရောင် ခြင်းနှင့် အနီစက်ထခြင်းတို့ပါ ခံစားရတတ်သည်။  

(၄) တုပ်ကွေး

တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရသည့် အခါတွင်လည်း နှာရည်ယိုခြင်း၊ လည်ချောင်းနာခြင်းကို အဓိကခံစားရသည်။

(၅) ထိပ်ကပ်နာ

အသက်ရှူလမ်းကြောင်းနှင့် ဆက်စပ်နေသည့် ဦးခေါင်းခွံ ဂလိုင်ခေါင်းများအတွင်း ရောဂါပိုးဝင်ရောက်ကာ ရောင်ရမ်းခြင်းကြောင့် ထိပ်ကပ်နာ ခံစားရလေ့ရှိသည်။ ထိပ်ကပ်နာ ဖြစ်သည်နှင့် နာရည် အကျဲဖြစ်စေ၊ အပျစ်ဖြစ်စေ၊ အဆက်မပြတ် ကျဆင်းလေ့ရှိသည်။

ဇော်ကို
Ref: discovery
photo copy from google search
credit to>>Health Updates Journal No. 95

1 comment:

  1. ထိပ်ကပ်နာနဲ့ပတ်သတ်ပြီး သေချာတဲ့ဆေးနည်းဆေးညွန်းလေးကို သိချင်ပါတယ်
    အရမ်းခံစားနေရလို့ပါ အလုပ်မှာလည်းတော်တော်လေးကို စိတ်အနှောက်အယှက် ဖြစ်ရပါတယ်
    ကူညီပေးပါနော် ။ Account ထဲကိုပေးလို့ရရင်ပို့ပေးပါ။ကျေးဇူးတင်ပါတယ်
    doublemoelay821@gmail.com

    ReplyDelete