Friday 20 December 2013

ဆူးမွှေးရွှက် (Pandan leaf) ရဲ့အာနိသင်

by ပိုပိုဇော်(သဘာဝအားအင်)December 20, 2013 at 11:18pm

အကျိုး သက်ရောက်မှု ------

နွေးတဲ့ ဒြပ်ဖြစ်ပြီး အဆိပ်မရှိပါ ။ အဓိကသက်ရောက်မှုက အသည်းရောင်ရောဂါ ၊ အဆုတ်ရောဂါ ၊ အပူကျ အဆိပ်ပြေ ၊ အရက်နာကျခြင်း ၊ အရက်မှုးပြေစေခြင်း ၊ အဆစ်အမျက်ရောင် ရောဂါ ( ဂေါက်နာ) အတွက် အသုံးဝင်ပါတယ် ။

ထိုင်း ၊ မြန်မာ ၊ မလေး ၊ အင်ဒိုနီးရှား၊ စင်ကာပူ နိင်ငံများမှာ အများဆုံးတွေ့ရပြီး အလွယ်တကုဝယ်ယုလို့ရနိင်ပါတယ် ။

အနံ့က သင်းပြီး မွှေး တာမို့ မုန့်အမျိုး မျိုးး ၊ ပာင်းရည် ၊ ရေနှင့်ကြို ချက်သောက်ခြင်း ၊ ကဇွန်းဥ သာကု ၊ ပဲစိမ်းရည်ထဲများတွင် သကြားရည်ကဲ့သို့အသုံးပြူကြပါတယ် ။ ( တရုတ် ရောင်စုံအထပ်မုန့်ထဲတွင် အမွှေးအနံ့အဖြစ် ထည့်သုံးပါတယ်) ၊ ထ္မင်း ချက်ရာထွင်လည်းထည့်သုံးခြင်းဖြင့် တ္မင်း အနံ့ကိုမွှေးစေတာမို့ စားချင်စဖွယ်ဖြစ်စေတယ် ။


ဆုးမွှေးရွှက်ကို အမွှေးအနံ့ နဲ့ သဘာဝ အရောင်တင် အစိမ်းရောင် အဖြစ်အသုံးပြူနိင်တဲ့အပြင် ဂေါက်နာ ရောဂါ ။ အဆစ်အမျက်ရောင်ရောဂါ အတွက်ကုသရာတွင်အသုံးကျပြီး ဆီးအက်စစ် ( uric acid ) ကိုလျှော့ကျစေနိင်စွမ်းရှိပါတယ် ။ အဆစ်အမျက်ရောင်ရောဂါရှိသူများ အရိုးအဆစ်တွေ ထုံကျင် ကိုက်ခဲတဲ့အခါ များသောအားဖြင့် အကိုက်အခဲပျောက်ဆေးများကို သောက်သုံးခြင်းဖြင့် ခဏသာသက်သာစေပြီး အမြစ်မပြတ်သွားပါဘုး ။ အကိုက်အခဲပျောက်ဆေး သောက်သုံးတာများရင်လည်းဆိုးကျိုးတွေလည်းရနိင်ပါတယ် ။( အသည်း ၊ ကျောက်ကပ် ။ အစာအိမ် တို့ကိုထိခိုက်စေနိင်ပါတယ် ) ။

ဆုးမွှေးရွှက်ကိုရေထဲထည့်ပြီးဆုအောင် တည်ပြီးလျှင် မီးနည်းနည်းနဲ့ နာရီဝက်လောက်ထပ်တည်ပါ ။ နေ့တိုင်းဆက်တိုက် သောက်ရေအဖြစ်သောက်သုံးပါ ။ သုံးလမှ ငါးလ ကြာမှအာနိသင်ကသိသာလာနိင်တာမို့ စိတ်ရှည်ရှည်နဲ့သောက်သုံးစေချင်ပါတယ် ။

ဆူးမွှေးရွှက် က ဆိုးတဲ့အနံ့အသက်တွေကိုပျောက်စေတာမို့ အိမ်အခန်း ၊ကားထဲတွင်ထည့်ထားခြင်းဖြင့် လေထုကိုကောင်းမွန်စေတယ် ။ ပိုးပာတ် များကိုပြေးစေတယ် ။

ဆူးမွှေးရွှက်နှင့် Houttuynia (ပင်စိမ်းမျိုး) ကိုရောကြို ချက်သောက်ပါက ချောင်းဆိုး သလိပ်ပျောက် ။ ခံတွင်းနံ့ခြင်းကို ပပျောက်စေခြင်း ။ အရက်မှုးပြေ စေတယ်။ အမှုန့်အဖြစ် ကြိတ်လိမ်းပါက အင်ပျဉ် ယားယံ တာကိုပျောက်ကင်းစေပါတယ် ။

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ........♡♡♡

ဆုးမွှေးရွှက်က အဆိပ်မရှိ ။အလွယ်တကူ ရနိင် ဈေး ချို ပြီး ကျန်းမာရေးအတွက် သင့်တော်တဲ့ ပာင်းရွှက်ဖြစ်တာမို့ ရေနွေးကြမ်း ရေသောက်သလို နေ့စဉ်သောက်နိင်တာပါတယ် ။ သူငယ်ချင်းတို့တရုတ်တန်းမှာ တရုတ်အရောင်စုံအထပ်မုန့်စားဖုးရင်တော့ အဲဒီအနံ့ကိုသိမှာပါ (အခုတော့ဆုးမွှေးရွှက်ထည့်မထည့်တော့မသိပါ)

သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပါစေ~~~♡♡♡
Jin Li Chao
2013.10.14 at 15:38pm
credit to >>Jin Li Chao facebook

No comments:

Post a Comment