Thursday 26 December 2013

အစာအဆိပ်မသင့်စေဖို့

by ပိုပိုဇော်(သဘာဝအားအင်)December 26, 2013 at 11:34pm

(၁) ဘေးကင်းတဲ့အသားကိုရွေးပါ

စူပါမားကက်မှာ အသားဝယ်လျှင် ရေခဲသေတ္တာ အောက်ဆင့်က အသားကို ရွေးပါ။ အပေါ်ဆင့်ရှိ အသားများသည် အေးသင့်သလောက် မအေးဘဲ ဖြစ်တတ်သည်။

(၂) ကျကျနနသိမ်းပါ

လတ်လတ်ဆတ်ဆတ် အသားများကို ရေခဲသေတ္တာအအေးခန်း (refrigerator) တွင် နှစ်ရက်အထိ ထားနိုင်သည်။ အခဲခန်း(freezer)တွင် လပေါင်းများစွာ အထားခံ သည်။အအေးခန်း (refrigerator) တွင် ၄၀ဒီဂရီဖာရင်ဟိုက်ရှိသင့်ပြီး အခဲခန်း (freezer) တွင်သုညဒီဂရီ ဖာရင်ဟိုက်ရှိသင့်သည်။


(၃) ကျကျနနရေခဲဖျော်ပါ

အေးခဲထားသည့် အသားကို ရေထဲထည့်စိမ်၍ ရေခဲပျော်အောင် ထားပါ။ မီးဖိုစင်တွင် အတိုင်းသားတင်၍ ရေခဲပျော်အောင်ထားခြင်းသည် ဘက်တီးရီးယားများ ပွားလာစေသည်။

(၄) ဆေးကြောသန့်စင်ပါ

အသားကိုင်မည့် လက်ကို ဆေးကြောသန့်စင်ပါ။ စဥ့်နှီတုံး၊ ပန်းကန်၊ ဓား၊ ဒယ်အိုးမှန်သမျှကို ဆေးကြောပါ။ ပန်းကန်ဆေးစင်(sink)ကို ဆေးကြောပါ။

(၅) အပူချိန်မှန်မှန်ချက်ပါ

ကြက်သားကို (၁၆၅)ဒီဂရီဖာရင်ဟိုက်မှာ ချက်ပါ။ ၀က်သားနှင့် အမဲသားကို (၁၄၅)ဒီဂရီဖာရင်ဟိုက်၊ ငါးကို (၁၄၅)ဒီဂရီဖာရင်ဟိုက်မှာ ချက်ပါ။  

(၆) မုန့်ဖုတ်ထားသည့် စားသောက်ကုန်များကို သတိထားပါ

ကြက်ဥ ပေါင်မုန့်၊ ကွတ်ကီး စသည့် အသင့်စားထုတ်ကုန်များကို မစားပါနှင့်။ ၄င်းတို့တွင်ပါသည့် ကြက်ဥသည် မကျက်လျှင်ဖြစ်စေ၊ အထားကြာလျှင် ဖြစ်စေ ဘက်တီးရီး ယားဝင်တတ်သည်။

ဇော်ကို
Ref: DiscoveryHealth Updates Journal
photo copy from google search
credit to>>Health Updates Journal No. 95

No comments:

Post a Comment