Saturday 21 December 2013

အစိုဓာတ်ထိန်းခရင်မ် သုံးခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများ

by ပိုပိုဇော်(သဘာဝအားအင်)December 21, 2013 at 5:44pm

နုပျိုကြည့်ကောင်းသော အသားအရေ ရရှိစေခြင်း

အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းတာကြောင့် အသားအရေကို စိုပြည်စေပြီး အရေပြားဆဲလ်သေတွေကို လျော့ပါးစေပါတယ်။ အစိုဓာတ်ထိန်း ခရင်မ်အများစုမှာ နေဒဏ်ကာကွယ်နိုင်တဲ့ SPF ပါဝင်တာကြောင့် ခရမ်းလွန်ရောင်ခြည်ဒဏ်ကနေ ကာကွယ်ပေးနိုင်စွမ်း ရှိပါတယ်။


မိတ်ကပ်လိမ်းရ လွယ်ကူစေခြင်း

အစိုဓာတ်ထိန်းခရင်မ်ဟာ အရေးကြောင်းနဲ့ အသားအရေ ခြောက်သွေ့ကြမ်းတမ်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ အစိုဓာတ်ထိန်း ခရင်မ်ကို မှန်မှန်လိမ်းတာကြောင့် အသားအရေ နုပျိုစိုပြည်စေပြီး မိတ်ကပ်လိမ်းရ လွယ်ကူစေပါတယ်။  

အသားအရေ နူးညံ့ပြီး ပျော့ပျောင်းခြင်း

အမျိုးသမီးအများစုဟာ နူးညံ့ပျော့ပျောင်းတဲ့ အသားအရေကို ပိုင်ဆိုင်လိုကြပါတယ်။ အစိုဓာတ်ထိန်းခရင်မ်က ထိခိုက်နေတဲ့ အရေပြားဆဲလ်တွေကို ပြန်လည်ပြုပြင်ပေးနိုင်ပြီး အရေပြားအပေါ်ယံလွှာကို ချောမွေ့စေကာ အသားအရေကို တောက်ပစေပါတယ်။  

ဝက်ခြံ ကုသဆေးများကြောင့် ဆုံးရှုံးသွားသော အစိုဓာတ်ကို ပြန်လည်အားဖြည့်ပေးခြင်း

အရေပြားမှာ ဝက်ခြံပေါက်တာနဲ့ ဝက်ခြံကုသဆေးတွေ သုံးတာကြောင့် အသားအရေကို ခြောက်သွေ့စေပါတယ်။ benzoyl peroxide နဲ့ salicylic acidတို့လို ပါဝင်ပစ္စည်းတွေက ဝက်ခြံအဖုအပိမ့်တွေနဲ့ ဆားဝက်ခြံတွေကို ပျောက်စေပေမယ့် အသားအရေကို ခြောက်သွေ့စေပါတယ်။ ဒီအချိန်မှာ အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းတာကြောင့် အသားအရေကို စိုပြည်စေပါတယ်။ တချို့ မျက်နှာသစ် ဆပ်ပြာတွေက ချွေးပေါက်ပွင့်စေပြီး အညစ်အကြေးတွေကို ကင်းစင်စေပေမယ့် အသားအရေကို ခြောက်သွေ့စေတာကြောင့် အစိုဓာတ်ထိန်း ခရင်မ်ကို လိမ်းပေးဖို့ လိုပါတယ်။  

သတိပြုရန်

အစိုဓာတ်ထိန်းခရင်မ်ကို အလွန်အမင်း သုံးတာကြောင့် အသားအရေကို အဆီပြန်စေနိုင်ပါတယ်။ အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းသင့်တဲ့ အကောင်းဆုံးအချိန်က နံနက်ခင်းအချိန် ဖြစ်ပါတယ်။ နံနက်ခင်းမှာ လိမ်းရင် နေဒဏ်ကို ကာကွယ်နိုင်ပြီး မိတ်ကပ်လိမ်းရ လွယ်ကူစေပါတယ်။ ညဘက် အိပ်ရာမဝင်ခင် တိုနာလိမ်းပြီး အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးရင်လည်း ချွေးပေါက်ပွင့်စေပြီး အသားအရေ စိုပြည်စေပါတယ်။

ကြယ်စင်
By Good Health
photo copy from google search

No comments:

Post a Comment