Thursday 26 December 2013

ကြက်အသည်းအမြစ်စားသုံးခြင်းနှင့် ကောင်းကျိုးဆိုးကျိုးများ

by ပိုပိုဇော်(သဘာဝအားအင်)December 26, 2013 at 10:27pm

အစားအစာများတွင် ကောင်းကျိုးနှင့်ဆိုးကျိုးနှစ်မျိုး ဒွန်တွဲရှိနေသည့်အလျောက် ယခုတစ်ပတ်တွင် ကြက်အသည်းအမြစ်၏ အာဟာရကို ဖော်ပြလိုက်ရပါသည်။

(၁)ကြက်၊ ကြက်ဆင်အသည်းအမြစ်တွင် ၆၉ မှ ၇၁ mg ဆိုဒီယမ်ပါဝင်ပြီး ဆိုဒီယမ်ပါဝင်မှုနည်းပါးသည်။ ဆိုဒီယမ်ပါဝင်မှုနှုန်းများလျှင် သွေးတိုးနှလုံးဖြစ်စေသည်။ သို့ဖြစ်၍ အဆင့်သင့်စား အစားအသောက် များဖြစ်သည့် ၀က်၊ကြက်အူချောင်း၊ ၀က်ပေါင်ခြောက်တို့ကဲ့သို့ ဥပါဒ်မများစေပါ။


(၂)သံဓာတ်အနေဖြင့် (2.5 mg ) ပါဝင်သည်။ သံဓာတ်ကမရှိမဖြစ် လိုအပ်သောသွေးနီဥများကို ဖြစ်စေသည်။ သံဓာတ်လိုအပ်ပါက အနီးမီးယားဖြစ်စေသည်။

(၃) ကြက်၊ကြက်ဆင်အသည်းအမြစ်တို့က ဇင့် (3mg )့နီးပါးပါဝင်သဖြင့် ကိုယ်အားစနစ်အတွက် ဖြည့်ဆည်းပေးနိုင်သည်။ Selenium ပါဝင်ပြီး ယင်းက အင်တီအောက်ဆီးဒင့်၏ ခွန်အားဖြစ်သည့်ဗီတာမင် C နှင့် E တို့ကို ခန္ဓာကိုယ်အား ပေးစွမ်းသည်။ အသည်းအမြစ်တွင် Choline လည်း ပါဝင်ပြီး နှလုံးအားကောင်းစေသည်။ Niacin အခြေခံဓာတ်များဖြစ်သည့် ဗီတာမင် B3 ၊ B12 ၊ B6 တို့ပါဝင် သည့်အတွက် အာဟာရချို့တဲ့မှုကို ကာကွယ်ပေးသည်။

HT
photo copy from google search
credit to>>Health Updates Journal No. 97

No comments:

Post a Comment