Tuesday 31 December 2013

နှလုံးကိုစောင့်ရှောက်ခြင်းနှင့် လေသင်တုန်းဖြတ်ခြင်း မဖြစ်ရအောင်

by ပိုပိုဇော်(သဘာဝအားအင်)January 1, 2014 at 4:36am

အေးချမ်းတဲ့အချိန် နှလုံးကိုစောင့်ရှောက်ခြင်းနှင့် လေသင်တုန်းဖြတ်ခြင်း မဖြစ်ရအောင် သတိထားရမည့်အချက်များ

❉ သွေးပေါင်ချိန် မှန်မှန် ချိန်ပါ ။

သွေးတိုးရှိသူများ ၊ သွေးချိုမြင့်သူများ ၊ကိုလက်စထရောမြင့်သူများ နှင့်နှလုံးသွေးကြောရောဂါသည်များက အေးချမ်းတဲ့အချိန်မှာ အလွယ်တကူ သွေးကြောများကျု့သွားခြင်း ၊ သွေးပေါင်တိုးခြင်း များဖြစ်တတ်ပါတယ် ။ ဆေးမှန်မှန်သောက်ပါ ။ ရက်ချိန်းမှန်ပြန်ပြပါ ။ အစားအသောက်ကိုထိန်းချုပ် ရှောင်ကျဉ် ပြီး အမြဲ သွေးပေါင်ချိန်ချိန်ဖို့မမေ့ပါနဲ့။


❉ နွေးနွေးထွေးထွေးနေပါ ။

ခြေ လက်တွေနွေးထွေးဖို့သတိထားရတဲ့အပြင် ဦးခေါင်းကိုနွေးထွေးစွာထားဖို့လည်းအရေးကြီးပါတယ် ။ နှလုံးရောဂါရှိသူများနှင့်သွေးတိုးရှိသူများ က အေးတဲ့အခါ သွေးလည်ပတ်မှုနဲ့ရောဂါက သက်ဆိုင်တာမို့ ခြေအိတ် လက်အိတ် အနွေးထည် ဦးထုတ် တဘက် တို့က မရှိရင်မဖြစ်သော ပစ္စည်းများဖြစ်ပါတယ် ။

❉ လွန်ကြူးး စွာ စား သောက်ခြင်း ကို ရှောင်ကျဉ်ပါ ။

ချမ်းတဲ့အခါ လွန်ကြူးး စွာ စားခြင်း သောက်ခြင်း (သို့) စိတ်အပြောင်းအလဲများဖြစ်တတ်ပါတယ် ။ရေများများသောက်ပါ ။
သစ်စေး Cellulose များများစားပေးပါ ။ ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးနိင်ပါတယ် ။ ရုတ်တရက် အားထုတ်ခြင်း ၊ စိတ်ပူပန်ခြင်း ၊ စိတ်ထက်သန်ခြင်း ၊ အလွန်အကျွံ ဖြစ်သောအားကစားပြုလုပ်ခြင်းများကိုရှောင်ကျဉ်ပါ ။

❉ ရာသီဥတုကောင်းမွန်လာတဲ့အချိန် မှာ လေ့ကျင့်ခန်းအားကစားများပြုလုပ်ပါ

မနက်စောစော (နေမထွက်ခင်) အပြင်ထွက်လမ်းလျှောက် လေ့ကျင့်ခန်း အားကစားများလုပ်တဲ့အခါ နွေးနွေးထွေးထွေးအထုးသတိထားပါ။ ဝတ်ဖို့ နေဖို့ နေထွက်မှ လေ့ကျင့်ခန်းအားကစားလုပ်တာပိုကောင်းပါ တယ်။ အဖော်တစ်ယောက်ယောက် အနားမှာအတုရှိသင့်တယ်လို့အကြံပေးချင်ပါတယ် ။

❉ ရေပူစိမ်ခြင်း (ရေချိုးတဲ့အခါ)

အထုးသတိထားသင့်တာက ချမ်းတဲ့အခါ ရေပူစိမ်ခြင်း (ရေနွေးနဲ့ရေချိုး)တဲ့အခါ နှလုံးသွေးကြောဆိုင်ရာရောဂါရှိသူများ အထုးသတိထားသင့်တာက ရေအပုချိန် 40'C မကျော်စေရ ။ 10~15mins ထက်ပိုပြီး ရေမစိမ်ရ ။ ရေပူပူနဲ့ရေစိမ်တဲ့အချိန်ပိုကြာလျှင် ခြေ လက် များရဲ့သွေးကြောတွေ ကျယ်ပြန့်လာပြီး အနားတဝိုက်သွေးစီးဆင်းတာက သိသိသာသာ တိုးလာသောကြောင့် နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် ဦးနှောက်သွေးကြောဆိုင်ရာရောဂါ(လေဖြတ်ခြင်း)များဖြစ်ပေါ်တတ်ပါတယ် ။

❉ နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် လေဖြတ်တဲ့ရောဂါ

နှလုံးသွေးကြောဆိုင်ရာရောဂါနှင့် လေဖြတ်တဲ့ရောဂါလက္ခဏာအခြေအနေမျိုးဖြစ်နေလျှင်ချက်ချင်းဆေးရုံမှာသွားရောက်ကုသပါ။
အကယ်၍ ရင်ဘတ်မှာ တင်းကြပ် မွန်းနေခြင်း ၊ ရင်ဘတ်အောင့်နာခြင်း ၊ အသက်ရူကြပ်ခြင်း ၊ အော့အန်ချင်ခြင်း ။ရင်ထဲ၍ တလှပ်လှပ်ဖြစ်နေခြင်း ၊ ရင်တုန်နေခြင်း ။ ချွေးစေးများထွက်နေခြင်း ...အစရှိသောရောဂါလက္ခဏာများဖြစ်နေရင်ချက်ချင်းဆေးရုံမှာသွားရောက်ကုသပါ

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့........

ဒီနှစ်ဆောင်းတွင်းက ပိုအေးတာမို့ အစစအရာရာကိုအထုးဂရုစိုက်ပါ ။ ဒီတစ်လအတွင်းမှာချမ်းလွန်းလို့သေဆုံးသူ အယောက်၅၀ ရှိပါတယ် ။ လေဖြတ်သူများလည်း ခါတိုင်းထက်များပြားလာတာကိုတွေ့ရပါတယ် ။ ချမ်းလွန်းလို့အိမ်တံခါးတွေအလုံပိတ် ၊ Heater ပီာတာဖွင့်ခြင်း ၊ Gas ဂတ်စ် ဖြင့် ရေကြိုချက်ရေချိုးခြင်းများကြောင့် Carbon monoxide ကာဗွန်မိုနောက်ဆိုဒ် အဆိပ်သင့်သူများလည်းရှိပါတယ် ။ အေးလွန်းသောကြောင့် အရက်သောက်သူများလည်းသတိထားစေချင်ပါတယ်။ အရက်နဲ့ အေးတဲ့ ရာသီဥတုကြောင့်သွေးလည်ပတ်မှုကိုထိခိုက်စေတာမို့ နှလုံးရှော့ဖြစ်တတ်ခြင်း၊ လေဖြတ်တတ်ခြင်းများဖြစ်နိင်ပါတယ် ။

သူငယ်ချင်းများအားလုံးကျန်းမာပါစေ ~~~
Jin Li Chao
2013.12.31 at 03:50am
 photo copy from google search    
credit to >>>Jin Li Chao facebook

No comments:

Post a Comment