Thursday 26 December 2013

ကိုလက်စထရောဓာတ် ကို အမြန်လျှော့ကျဆင်းစေတဲ့ အစားအစာများ

by ပိုပိုဇော်(သဘာဝအားအင်)December 27, 2013 at 2:24pm

အုတ်ဂျုံ ( ကွေကာအုတ်)

နံနက်ခင်းမှာ ကွေကာအုတ်တစ်ခွက်က နှလုံး အတွက်အကောင်းဆုံးနံနက်စာပါ။ ကွေကာအုတ်ကကိုလက်စထရောထဲမှာရှိတဲ့ကုန်ကြမ်းကိုဖျက်စီးတဲ့ "β-glucan"လို့ခေါ်တဲ့ ပျော်ဝင်နိင်သောအမျှင် များက ကိုလက်စထရောထုတ်လုပ်ခြင်းနဲ့စုပ်ယု ခြင်းကိုတားမြစ်ပေးပါတယ် ။ နေ့တိုင်း 2/3( ခွက် ) ကွေကာအုတ် အခြောက်များကိုစားခြင်းဖြင့် ကိုလက်စထရောဓာတ် ၁၆ % ကိုကျဆင်းစေပါတယ် ။


ပဲပုပ်ပဲ

သဘာဝအစားအစာထဲမှာ ပဲ အမျိုးအစားများက ဈေးအပေါဆုံး နဲ့ကိုလက်စထရောကို တားဆီးပေးပါတယ် ။ နေ့တိုင်း ပဲအမျိုးအမျိုး ၂၈ ဂရမ် စားရင် စုပေါင်း ကိုလက်စထရော ၁၀% ကို လျှော့စေတယ် ။ ( LDL (bad cholesterol) and Triglycerides.) အမေရိကန်စားသောက်ကုန်ကြီးကြပ်ရေးအဖွဲ့က ပဲပုပ်ပဲ အစားအစာ ဗူး အပေါ်တွင် ပဲပုပ်ပဲက ကိုလက်စထရောကို လျှော့ကျစေပြီး နှလုံးရောဂါမှကာကွယ်ပေးနိင်တယ်ဆိုတဲ့စတစ်ကာကို ပဲ စားသောက်ကုန် ကုမ္ပဏီ များကပ်ခွင့်ပေးထားပါတယ် ။

***ကိုလက်စထရောလျှော့ကျချင်ရင်ပဲပုပ်ပဲဖြင့်ပြုလုပ်ထားသော ပဲနို့ရည် ၊ပဲပြား ၊ miso များကိုနေ့စဉ် အစားအစာများတွင်သုံးဆောင်နိင်ပါတယ် ။ မျိုးရိုးအလိုက်နှလုံးရောဂါရှိသူများ နေ့တိုင်းထမင်းစားတဲ့အခါ ပဲပြားတစ်တုံးတော့စားဖို့မမေ့ပါနဲ့ ။

သံလွင်ဆီ

စိုရွှဲ မကျေလွယ် အဆီဓာတ်များသောဆီ(ဝက်ဆီ )ကကိုလက်စထရောဓာတ်ပိုပြီးများပါတယ် ။ OMEGA 3 ပါဝင်သောဆီ ပာင်းသီးပာင်းရွှက်ဆီ ၊ နေကြာဆီ ကကိုလက်စထရောဓာတ်ကိုလျှော့ကျဆင်းသလိုကောင်းတဲ့ (HDL ) ကကိုလက်စထရောဓာတ်ကိုလျှော့ကျဆင်းစေပါတယ် ။ သံလွင်ဆီက ကျေလွယ်သော အဆီဓာတ်နှင့်ဖက်တီးအက်စစ်က ကိုလက်စထရောဓာတ်ကိုလျှော့ကျဆင်းစေပြီးကောင်းတဲ့ကိုလက်စထရောကိုထိန်းသိမ်းထားနိင်ပါတယ် ။
အကောင်းဆုံးက canola oil (မုန့်ညှင်းဆီ)အာနိသင်လည်းအတုတုပါ ။ သံလွင်ဆီမှာ ဗီတာမင်အီး နှင့် anti oxidants ပါတာမို့မကောင်းတဲ့ ကိုလက်စထေရောကို oxidantsမဖြစ်အောင်လုပ်နိင်စွမ်းရှိပါတယ် ။ မြေပဲဆီ နှမ်းဆီ နှင့်သံလွင်ဆီကိုရောပြီးသုံးနိင်ပါတယ် ။ သံလွင်ဆီသုံးသော်ငြားလည်း ကိတ်မုန့် ၊ထောပတ်တို့ကလည်း ကိုလက်စထရောကိုမြင့်စေတတ်ပါတယ် ။

*** နှမ်းဆီကနှလုံးအတွက်အထောက်အကုပြုနိင်ပါတယ် ။

ဆယ်လမွန်ငါး

အသားစားချင်တဲ့အခါ ငါးစားတာကပိုကောင်းပါတယ် ။( salmon,tuna, sardines, mackere fish)ငါးထဲက OMEGA-3 ဖက်တီးအက်စစ်ကနှလုံးအတွက်အကောင်းဆုံးပါ ။ OMEGA-3 ဖက်တီးအက်စစ်က သွေးပေါင်ကျစေခြင်း ၊ကိုလက်စထေရောကျစေခြင်း ၊ လေဖြတ်ခြင်းမှကာကွယ်ပေးနိင်ပါတယ် ။

***နေ့တိုင်းအသားစားတဲ့အခါ ဖြစ်နိင်ရင် အဆီနည်းသောအသားကိုစားပါ ။
ကြက်ရင်အုံးသားကဆီအနည်းဆုံးပါ ။အရေခွံဖယ်ရှားပြီးချက်ပါ ။တစ်နေ့လျှင်အသား၂၀၀ဂရမ်သာစားသင့်ပါတယ် ။ ဝက်အုချောင်း ၊ ဝက်ဆားနယ်ခြောက် ဝက်ပေါင်ခြောက်တို့က ကိုလက်စထရောကိုမြင့်စေတယ် .၊ရှောင်နိင်ရင်အကောင်းဆုံးပါ ။

ရှောက်ခါးသီးကြီး

ရှောက်ခါးသီးကြီး ထဲမှ ပျော်ဝင်နိင်တဲ့အမျှင်ဓာတ်က မကောင်းတဲ့ကိုလက်စထေရောကိုကျဆင်းစေတယ် ။ နေ့တိုင်းရှောက်ခါးသီးကြီးအသားကိုစားခြင်းဖြင့် 10%မကောင်းတဲ့ကိုလက်စထေရောကိုကျဆင်းစေတယ် ။

*** ပျော်ဝင်နိင်တဲ့အမျှင်ဓာတ်ပါတဲ့အစားအစာဆိုတာက (ချောချော ၊စီးကပ် ။ကြွပ်ကြွပ်တာမျိုး ) မှို ၊ မှိုနားရွှက် ၊ ရေညှိ ။ကျောက်ပွင့်အစရှိသော .... ။ ပျော်ဝင်နိင်တဲ့အမျှင်ဓာတ်က ကိုလက်စထရောကိုပြင်ပသို့ဖယ်ထုတ်နိင်စွမ်းရှိတယ် ။

ပန်းသီး

ပန်းသီးနှင့်အခြား သကြားနှင့်တုသောဒြပ်ပါသောသစ်သီးများက မကောင်းတဲ့ကိုလက်စထရောကိုလျှော့ကျစေတယ် ။ ပန်းသီးတွင်ဗီတာမင် K1 ပါတာမို့ မကောင်းတဲ့ကိုလက်စထရောကို ပာန့်တားစေနိင်ပါတယ် ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူရဲ့အသုံးသင်တဲ့အာနိသင်ကများပါတယ် ။ကိုလက်စထရောတင်မက ကင်ဆာကိုပါကာကွယ်ပေးနိင်ပါတယ် ။ နေ့တိုင်းကြက်သွန်ဖြူ တစ်လုံးကြီးစားနိင်ရင်ကောင်းတဲ့ကိုလက်စထရော၂၃%တိုးလာစေပါတယ် ။

လက်ဖက်ခြောက်

လက်ဖက်ခြောက် ထဲတွင်ပါဝင်သော Polyphenols က ကောင်းတဲ့ကိုလက်စထရောကိုမြင့်မားလာစေပါတယ် ။

*** ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ...

ကိုလက်စထရောလျှော့စေတဲ့အစားအစာ ရှစ်မျိုးကို ကို ရှင်းပြပြီးတင်ပေးလိုက်ပါတယ် ၊ တိုတိုတုတ်တုတ်နဲ့ဘာပာာစားရင်ကောင်းတယ်ဆိုပြီးရေးချင်ပေမယ့်ပိုပြီးသိနားလည်အောင်ရှင်းလင်းပြီးရေးထားမို့
စိတ်ရှည်ပြီးဖတ်စေချင်ပါတယ် ။
လုတော်တော်များများက ကိုလက်စထရော များနေတာကိုတွေ့ရတယ် ။ ကိုလက်စထရောများလျှင် နှလုံး ၊ လေဖြတ် ၊ ဆီးချို ကျောက်ကပ်ရောဂါ ၊ သည်းခြေ ရောဂါ များဖြစ်လာနိင်ပါတယ် ။Cholesterol 150~270mg/dl(normal )၂စီစီ သွေးစစ်ခြင်းဖြင့်သိနိင်ပါတယ် ။

သူငယ်ချင်းများအားလုံးကျန်းမာပါစေ ........
Jin Li Chao
2013.07.30 00:14am
photo copy from google search
credit to >>>Jin Li Chao facebook

No comments:

Post a Comment