Friday 22 February 2013

သင့်ကို ပိုမိုကျန်းမာလာစေမည့် နံနက်စာ

by ပိုပိုဇော်(သဘာဝအားအင်) on Friday, February 22, 2013 at 9:43am

အစားအသောက်စားသုံးတာနဲ့ ပတ်သက်ပြီး “နံနက်စာကို ဘုရင်ကြီးလိုစားပါ။ နေ့လယ်စာကို သာမန်လူလိုစားပါ။ ညစာကို သူတောင်းစားလိုစားပါ” ဆိုတဲ့ ဆိုရိုးစကားလေးကို ကြားဖူးပါတယ်။ အဲဒီနည်းအတိုင်းစားရင် ကျန်းမာရေးနဲ့ ညီညွှတ်တယ်လို့ ဆိုပါတယ်။ နံနက်စားကို ဘုရင်ကြီးတစ်ပါးလို မစားနိုင်ရင်တောင် ကျန်းမာအောင် စားနိုင်တဲ့ နံနက်စာခြောက်မျိုးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။


၁။ ဘလူးဘယ်ရီးသီးပါသော ကွေကာ

ခရမ်းရောင် ဘလူးဘယ်ရီးသီးတွေထဲမှာ အင်တီအောက်ဆီးဒင့်ပါဝင်မှုများတာကြောင့် ဦးနှောက်လုပ်ငန်းထိခိုက်မှု နှေးကွေးပြီး မှတ်ဥာဏ်အားကောင်းမွန်စေပါတယ်။ ဒါကြောင့် နံနက်စာအနေနဲ့ ကွေကာထဲဘူးဘယ်ရီးသီးထည့်ပြီး စားသင့်တာပါ။

၂။ ဂရိတ်ဖရုသီး

ဂရိတ်ဖရုသီးမှာ ဖောလိတ်ပါဝင်မှုများတာကြောင့် လေဖြတ်နိုင်တဲ့ အန္တရာယ်ကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။ ဒါပေမဲ့ သင်ဟာ ဆေးဝါးသောက်သုံးနေရရင်တော့ သတိထားပါ။ ဂရိတ်ဖရုသီးနဲ့ ဂရိတ်ဖရုဖျော်ရည်ဟာ ဆေးဝါးတချို့နဲ့ ဓာတ်ပြုမှု ဖြစ်စေနိုင်တာကြောင့် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပါ။

၃။ ခရမ်းချဉ်သီးဖျော်ရည်

နံနက်မှာ လိမ္မော်ရည်အစား ဆားပါဝင်မှု နည်းတဲ့ ခရမ်းချဉ်သီး ဖျော်ရည် တစ်ဖန်ခွက်သောက်ပါ။ ဒီဖျော်ရည်က ပို ဗိုက်ပြည့်စေကာ သွေးတွင်း သကြားဓာတ်မြင့်တက်နိုင်ခြေနည်းပါတယ်။ အာဟာရဓာတ်နဲ့ အမျှင်ဓာတ်လည်း ပိုရရှိစေပါတယ်။

၎။ သစ်သီးဖျော်ရည်

သစ်သီးတွေဖြစ်တဲ့ စတော့ဘယ်ရီ၊ ပန်းသီး၊ သစ်တော်စတာတွေကို မွှေစက်ထဲထည့် မွှေကာ အဆီမပါ နို့ခွက်တစ်ဝက်၊ ငှက်ပျောသီးတစ်လုံးတို့ ရောထည့်ပေးပါ။ ယင်းသစ်သီးဖျော်ရည်ကို သောက်ပေးနိုင်ပါတယ်။

၅။ ကောက်နှံစာ

အမျှင်ဓာတ်ပါဝင်မှုများတဲ့ ဆန်လုံးညို၊ အညိုရောင်ခေါက်ဆွဲနဲ့ ပေါင်မုန့်ညိုတွေကို နံနက်စာအဖြစ် စားပေးနိုင်ပါတယ်။

၆။ အစ္စရေးစတိုင် နံနက်စာ

သကြာပါတဲ့ ကွေကာ၊ ကစီဓာတ်များတဲ့ ပေါင်မုန့်၊ အဆီများတဲ့အသားအစား အစ္စရေးလူမျိုးတွေ စားလေ့ရှိတဲ့ နံနက်စာကို စားပေးနိုင်ပါတယ်။ ခရမ်းချဉ်သီး၊ သစ်သီး၊ အဆီနည်းဒိန်ခဲ၊ ပဲ စတာတွေနဲ့ အညိုရောင်ပေါင်မုန့် တွဲစားတာ ဖြစ်ပါတယ်။

Ref: Good Health
Last Updated (Wednesday, 30 January 2013 03:26)

No comments:

Post a Comment