Monday 11 February 2013

ကိုလက်စထရောကျစေသည့် အစားအစာ (၅) မျိုး

by ပိုပိုဇော်(သဘာဝအားအင်) on Monday, February 11, 2013 at 7:53pm


(၁) အမျှင်ဓါတ်ကြွယ်ဝသည့်အစားအစာများ

ကွေကာအုတ်ကဲ့သို့အမျှင်ဓါတ်ကြွယ်ဝသည့်အစားအစာများသည်ဆိုးကျိုးဖြစ်စေသော ကိုလက်စထရော (bad cholesterol) များကို လျှော့ ချပေးနိုင်သည်။ပျော်ဝင်နိုင်သောအမျှင်ဓါတ် (soluble fibre) များကသွေးတွင်းသို့ကိုလက်စထရောစုပ်ယူခြင်းကိုဟန့်တားနိုင်သည်။ပျော်ဝင်နိုင်သောအမျှင်ဓါတ်ကို နေ့စဉ် ၅ ဂရမ်ခန့် စားသုံးပေးနိုင်ပါကအလွန် အကျိုးရှိစေသည်။ ပေါင်မုန့်၊

ကိတ်မုန့်လုံးကလေးများနှင့်နံနက်စာမုန့်အများ စုတွင်ပျော်ဝင်နိုင်သောအမျှင်ဓါတ် ကြွယ်ဝစွာပါရှိသည်။

(၂) သံလွင်ဆီ

သံလွင်ဆီတွင်ကိုလက်စထရောကျစေသည့်ပစ္စည်းများ၊ အကျိုးပြု ကိုလက်စထရောကိုထိန်းသိမ်းပြီး ဆိုးကျိုးပေးသော ကိုလက်စထရော များကိုသာလျော့ကျစေသည့်ဓါတ်တိုးဆန့်ကျင်ပစ္စည်း (antioxidant) များပါဝင်သည်။ လက်ရှိသုံးနေသည့်ဟင်းချက်ဆီများနေရာတွင် သံလွင်ဆီကိုနေ့စဉ် ၂၃ ဂရမ်ခန့်စားသုံးပေး ပါကဆိုးကျိုးဖြစ်စေ သည့်သွးတွင်းအဆီဓါတ်များကိုလျှော့ချနိုင်သည်။

(၃)လက်ဖက်စိမ်း

လက်ဖက်စိမ်းရည်တစ်ခွက်သောက်ခြင်းသည်သွေးတွင်းအဆီဓါတ်များကိုသိသာစွာလျှော့ချပေးနိုင် ကြောင်း အာဟာရဗေဒကျွမ်းကျင်သူများ ကဆို သည်။လက်ဖက်စိမ်းတွင်ကိုလက်စထရောများသွေးတွင်းစုပ် ယူခြင်းကိုလျှော့ ချပေးသည့် Folic acid ဓါတ်ကြွယ်ဝစွာပါဝင်သည် ။သွေးခဲခြင်းကို ဟန့်တားပေးသော ကြောင့်နှလုံးလုပ်ငန်းများကောင်းစွာလည်ပတ်စေနိုင်ပြီး လေဖြတ်ဝေဒနာနှင့်အခြားနှလုံးသွေးကြောရောဂါ များမှကာကွယ်ပေးသည်။

(၄) အခွံမာသီးအစေ့များ

အာဟာရဗေဒပညာရှင်များ၏ အဆိုအရအခွံမာသီးအစေ့များ သည်သွေးတွင်းသို့ကိုလက်စထရောစုပ် ယူခြင်းကို ပိတ်ဆို့ပြီး triglyceride အဆီဓါတ်များကိုလျှော့ချပေးသောကြောင့်နှလုံးရောဂါများဖြစ်ပွားမှု အန္တရာယ်မှလျှော့ချနိုင်သည်။ ပရိုတိန်း၊ အမျှင်ဓါတ်၊ ဗိုက်တာမင် များနှင့်ဧကမပြည့်ဝဆီ (monoun saturated fat) များပါဝင်သောကြောင့် ကိုလက်စထရောပါဝင်မှုနည်းပါး၍အာဟာရမျှတသည့် အစားအစာ အမျိုးအစားဖြစ်သည်။သစ်အယ်သီး၊မက်မွန်သီးတို့ကဲ့သို့ အခွံမာသီးအစေ့ များသည်ကျန်းမာ ရေးနှင့်ညီညွတ်သောသရေစာများ ဖြစ်သည်။

(၅) ပဲပိစပ်

ပဲပိစပ်သည် ဈေးနှုန်းချိုသာ၍ အာဟာရပြည့်ဝသော အစားအစာ တစ်ခုဖြစ်သည်။ပဲပိစပ်တွင်သွေး တွင်းကိုလက်စထရောကို ၁၀ ရာနှုန်း လျှော့ချပေးနိုင် သည့် isoflavone ဓါတ်များပါဝင်သည်။ ဗိုက်တာမင်များ၊ ကယ်လ်စီယမ်၊ဖော့စဖောရပ်နှင့် သံဓါတ်များ လည်းပါဝင် သည်။တိရစ္ဆာန်မှရသော အဆီများအစားပဲ ပိစပ်အဆီ အစားထိုးသုံးစွဲနိုင် သည်။
ဇော်ကို
Ref: MNT
Source>>>Health Updates JournalVol-2,No-3

No comments:

Post a Comment