Saturday 16 February 2013

နိုးကြားအောင် ပီကေဆောင်

 by ပိုပိုဇော်(သဘာဝအားအင်) on Sunday, February 17, 2013 at 4:26am


ပီကေ၀ါးခြင်းသည် အတွေးအကြံများကို သွက်လက်စေပြီး နိုးနိုးကြားကြားရှိစေကြောင်း သက်သေပြနိုင်သည့် စမ်းသပ်မှုတစ်ခုကို သိပ္ပံပညာရှင်များ ပြုလုပ်နိုင်ခဲ့ကြ သည်။


Brain and Cognition ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှုတွင် ပီကေ၀ါးနေစဉ်၌ ဦးနှောက် လုပ်ငန်းတုံ့ပြန်မှုများမှာ ၁၀ဆပိုမို လျှင်မြန်ပြီး ဦးနှောက်အစိတ်အပိုင်း ရှစ်မျိုးအထိတစ်ပြိုင်နက် အလုပ်လုပ် ကြောင်းသိရသည်။
ပီကေ၀ါးခြင်းသည် သိမြင်မှုနိုးကြားစေပြီး ဦးနှောက်သွေးစီးဆင်းမှု ယာယီမြင့်တက်စေကြောင်း သိပ္ပံပညာရှင်များက ယူဆထားခဲ့ကြသည်။

လေ့လာမှုတွင် စမ်းသပ်ခံပုဂ္ဂိုလ်များအား ပီကေ၀ါးနေစဉ်နှင့် ပီကေ မ၀ါးဘဲနေစဉ် နှစ်ကြိမ်စမ်းသပ်ခဲ့ သည်။ ပီကေကိုလည်း အနံ့အရသာ မထည့်သွင်းဘဲထားခြင်းဖြင့် အာရုံ ထွေပြားမှုမဖြစ်ပေါ်စေရန်စီစဉ်ခဲ့ သည်။
functional magnetic resonance imaging (fMRI) နည်း ပညာအသုံးပြု၍ အမျိုးသား၊ အမျိုးသမီးများ၏ ဦးနှောက်အစိတ်အပိုင်းများ အလုပ်လုပ်ပုံကို စစ်ဆေးခဲ့သည်။

မိနစ်သုံးဆယ်ကြာ စမ်းသပ်မှုတွင် စမ်းသပ်ခံပုဂ္ဂိုလ်များအား ၎င်းတို့ရှေ့ရှိ ဖန်သားပြင်၌ ဖော်ပြသည့် မြှားခေါင်းဦးတည်ရာအတိုင်း ခလုတ်ကို လက်ယာလက်မဖြင့်ဖြစ်စေ၊ လက်ဝဲလက်မဖြင့် ဖြစ်စေနှိပ်ရသည်။ အခြားစမ်းသပ်မှုတစ်ခုကို ပိုမိုရှုပ်ထွေးသည့် လုပ်ဆောင်ချက်များဖြင့် ထပ်မံစမ်းသပ်စေသည်။ စမ်းသပ်မှုနှစ်ခုစလုံး တွင်နိုးကြားမှုနှင့်တုံ့ပြန်မှုကြာချိန်များ ကိုတိုင်းတာခဲ့သည်။
သုတေသနရလဒ်များအရ နိုးကြားမှုနှင့် တုံ့ပြန်မှုအချိန်များသည် ပီကေ၀ါးနေစဉ်လျှင်မြန်လာသည်ကို တွေ့ရသည်။ ပီကေမ၀ါးသော အမျိုးသား၊ အမျိုးသမီးများမှာ တုံ့ပြန်မှုပြု လုပ်ရန် (၅၄၅) မီလီစက္ကန့် (တစ်မီလီ စက္ကန့်သည် တစ်စက္ကန့်အပုံတစ် ထောင်ပုံတစ်ပုံနှင့် ညီမျှသည်) ကြာပြီး ပီကေ၀ါးသူများမှာ (၄၉၃) မီလီ စက္ကန့်ကြာမြင့်သည်။

မိနစ်နှစ်ဆယ်ခန့် ပီကေ၀ါးစဉ် နှလုံးခုန်နှုန်းမြန်လာကြောင်း၊ အောက် စီဂျင်နှင့် အာဟာရဓါတ်များကို ဦးနှောက်ထံပိုမိုစီးဆင်းစေကြောင်း သုတေသီများက ရှင်းလင်းဖော်ပြထား သည်။ ထို့ပြင်ပီကေ၀ါးနေစဉ် အင် ဆူလင်ဟော်မုန်းအများအပြား ထွက် ရှိပြီး ဦးနှောက်၏ မှတ်ဉာဏ်ဆိုင်ရာ၊ သိမြင်နိုးကြားမှုဆိုင်ရာ အစိတ်အပိုင်း များကို လှုံ့ဆော်ပေးသည်ကိုတွေ့ရ သည်။

သီဟ
Source: PTI
credit by>>>Health Updates JournalVol-2,No-7

No comments:

Post a Comment