Monday 11 February 2013

နုပျိုတက်ကြွလန်းဆန်းစေရန်လမ်းလျှောက်လိုက်ကြပါ

 by ပိုပိုဇော်(သဘာဝအားအင်) on Tuesday, February 12, 2013 at 5:11am


လမ်းလျှောက် တာက အလွယ်ကူ ဆုံးနဲ့ ငွေကုန်ကြေး ကျ အနည်းဆုံး လေ့ ကျင့်ခန်း တစ်ခုပါ။ ဘယ်နေရာမှာမဆို၊ ဘယ်အချိန်မှာ မဆို လွယ်လင့်တကူ ပြု လုပ်နိုင်ပြီး ရရှိတဲ့ အကျိုးကျေးဇူးတွေက လည်း များလှပါတယ်။ ဒီအထဲကမှ သု တေသနလေ့လာမှုတွေက အခိုင်အမာ ဖော်ပြထားတဲ့ အကျိုးကျေးဇူးတွေကို သိ ရှိပြီး လက်တွေ့အကောင်အထည်ဖော် ကာ ကောင်းကျိုးတွေကို ရယူသင့်ပါတယ်။


စိတ်ဓာတ်ကျနေသလား၊
လမ်းလျှောက်လိုက်ပါ

လမ်းလျှောက်တာက စိတ်ကျရော ဂါလက္ခဏာတွေကို သက်သာလျော့ပါး စေတယ်လို့ လေ့လာမှုအသစ်တွေအရ သိရပါတယ်။ လမ်းလျှောက်တာက တချို့ လူတွေမှာ စိတ်ဓာတ်ကျတဲ့ ဝေဒနာတွေ ကို သိသိသာသာ သက်သာလျော့ပါးစေ တယ်ဆိုတဲ့ လေ့လာမှုရလဒ်ကို စိတ်ကျန်း မာရေးဂျာနယ်မှာ ဖော်ပြထားပါတယ်။ လမ်းလျှောက်တာကြောင့် ဦးနှောက်ထဲ မှာ ပျော်ရွှင်မှုနဲ့ ဆက်စပ်နေတဲ့ ဓာတ်တွေ အထွက်တိုးလာပြီး ခန္ဓာကိုယ်အပူချိန်မြင့် တက်ကာ ခန္ဓာကိုယ်တစ်ခုလုံး တည်ငြိမ် သွားစေပါတယ်။ ဒါ့အပြင် လူမှုဆက်ဆံ ရေးမှာ သွက်လက်လာပြီး ကိုယ့်ကိုယ် ကိုယ်ယုံကြည်မှုတိုးလာစေပါတယ်။ ဒါ ကြောင့် စိတ်ဓာတ်ကျနေရင် အရက် သောက်မယ့်အစား ခပ်သွက်သွက် လမ်း လျှောက်လိုက်ပါ။ စိတ်ဓာတ်ကျဝေဒနာ သက်သာသွားပါလိမ့်မယ်။

အဝလွန်နေသလား
လမ်းလျှောက်လိုက်ပါ

သင်ဟာ အဝလွန်နိုင်ခြေ များနေ ရင် တစ်နေ့ တစ်နာရီလောက် ခပ်သွက် သွက်လမ်းလျှောက်ပေးရုံနဲ့ မျိုးရိုးဗီဇအ ရ အဝလွန်ဖြစ်နိုင်တဲ့ ရာခိုင်နှုန်းကို ထက် ဝက်ခန့် လျော့ကျသွားစေနိုင်ပါတယ်။ဒီ လေ့လာမှုကို ဟားဗတ်ကျောင်းရှိ ပြည် သူ့ကျန်းမာရေးဘာသာရပ် လေ့လာမှုအ ရ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ]]လေ့လာမှု အရ တစ်နေ့ တစ်နာရီလောက် ခပ်သွက် သွက်လမ်းလျှောက်ပေးရင် အဝလွန်နိုင် ခြေများတဲ့ မျိုးရိုးဗီဇလွှမ်းမိုးမှုကို ထက် ဝက်နီးပါးလျော့ကျစေနိုင်တယ်"လို့ လေ့ လာသူ ကွီဘင်က ဆိုပါတယ်။" နောက် တစ်ချက်အနေနဲ့ ပြောရရင် တစ်နေ့ လေး နာရီလောက် တီဗီကြည့်ပြီး အထိုင်များ တာက အဝလွန်တဲ့ မျိုးရိုးဗီဇလွှမ်းမိုး နိုင်ခြေကို ၅၀ ရာခိုင်နှုန်း ပိုတိုးမြင့်စေ ပါတယ်" လို့ ထပ်မံရှင်းပြပါတယ်။

သွေး တွင်း မကောင်းတဲ့ ကို လက်စထရောများပြီး ကောင်းတဲ့ ကိုလက်စထရော လျော့နည်း နေသလား၊
လမ်းလျှောက်လိုက်ပါ

ရိုးစင်းလွယ်ကူတဲ့ လမ်းလျှောက် လေ့ကျင့်ခန်းကတောင် မကောင်းတဲ့ ကို လက်စထရောကို လျော့ကျစေနိုင်ပါ တယ်လို့ လေ့လာမှုအရ သိရပါတယ်။ သွေးထဲမှာ မကောင်းတဲ့ ကိုလက်စထ ရောအဆင့်မြင့်မားနေတာက နှလုံးရော ဂါဖြစ်နိုင်ခြေ များပြီး ကောင်းတဲ့ ကိုလက် စထရောအဆင့် များနေတာက နှလုံး ကျန်းမာရေးကို ကောင်းစေပါတယ်။ လေ့လာမှုအရ သက်လတ်ပိုင်းအ မျိုးသားတွေအနေနဲ့ မိနစ် ၃၀ လောက် လမ်းလျှောက်ပေးတာက တစ်နေ့မှာ ကယ်လိုရီ ၃၀ဝ လောက် လောင်ကျွမ်းပြီး နှလုံးသွေးကြောတွေရဲ့ လုပ်ငန်းဆောင် တာကို ကောင်းစေတယ်လို့ သိရပါတယ်။ လမ်းလျှောက်တာက နှလုံးသွေးကြော တွေကို ထိခိုက်စေတဲ့ ထရိုင်ဂလစ်စရိုက် အဆီကို လျော့ကျစေပါတယ်။

ခန္ဓာကိုယ်မှာ အဆီပိုတွေ များနေသလား၊
လမ်းလျှောက်လိုက်ပါ

အဝလွန်တာမျိုး မဟုတ်ပေမယ့် ခန္ဓာကိုယ်ရဲ့ မလိုလားအပ်တဲ့ အစိတ်အ ပိုင်းတွေ၊ အထူးသဖြင့် ဝမ်းဗိုက်မှာ အဆီ ပိုတွေ များနေရင် လမ်းလျှောက်ပေးသင့် ပါတယ်။ တစ်နေ့မှာ အနည်းဆုံး ခြေလှမ်း တစ်သောင်းလျှောက်ပေးတာက ခန္ဓာ ကိုယ်အဆီကို လျော့ကျစေပြီး ကိုယ်အ လေးချိန်ကိုလည်း လျော့ကျစေတယ်လို့ အသက် ၅၀နဲ့ ၇၀ကြားအမျိုးသမီးတွေ ကို လေ့လာတဲ့ ကနေဒါလေ့လာမှုတစ် ရပ်အရ သိရပါတယ်။ ကိုယ်အလေးချိန် ပုံမှန် ရှိသူတွေအနေနဲ့ တစ်နေ့ ခြေလှမ်း ၇၅၀ဝ လျှောက်သင့်ပါတယ်။ ကိုယ်အ လေးချိန်များသူတွေကတော့ ခြေလှမ်း ၇၅၀ဝနဲ့ တစ်သောင်းကြား လှမ်းဖို့ လိုပါ တယ်။

ညောင်းညာကိုက်ခဲနေသ လား၊
လမ်းလျှောက်လိုက်ပါ

အထိုင်များတဲ့ ဘဝနေထိုင်စား သောက်မှုပုံစံကြောင့် ညောင်းညာကိုက် ခဲနေတဲ့သူတွေဟာ လမ်းလျှောက်လေ့ ကျင့်ခန်းလုပ်ဆောင်ပြီးချိန်မှာ ၂၀ ရာခိုင် နှုန်းခန့် စွမ်းအင်တိုးတက်လာပြီး ညောင်း ညာကိုက်ခဲမှုက ၆၅ ရာခိုင်နှုန်းလျော့ကျ သွားတာကို လေ့လာမှုတွေအရ သိရပါ တယ်။ နာတာရှည်ဖျားနာဝေဒနာ ခံစားနေ ရသူတွေ လမ်းလျှောက်ပေးရင် ညောင်း ညာကိုက်ခဲမှု သိသိသာသာ လျော့ကျ သွားတတ်ပါတယ်။

စိတ်ဓာတ်ခွန်အားတိုးမြှင့် ဖို့ လိုအပ်နေသလား၊
လမ်းလျှောက်လိုက်ပါ

တစ်နေ့ မိနစ် ၃၀ လောက် လမ်း လျှောက်တာကြောင့် စိတ်ဓာတ်ကျနေတဲ့ လူနာတွေမှာ စိတ်ဓာတ်ခွန်အား တိုးမြင့် လာစေကြောင်း လေ့လာမှုအရ သိရပါ တယ်။ အကြောင်းကတော့ လမ်းလျှောက် နေစဉ်အတွင်း စိတ်ခံစားမှု ကောင်းစေတဲ့ အန်ဒေါ်ဖင်ဟော်မုန်းအထွက်နှုန်း တိုး လာတဲ့အတွက် စိတ်ကျကုသဆေးထက် ပိုပြီး မြန်မြန်ဆန်ဆန် အာနိသင်ရရှိစေ တာကြောင့်ပါ။

By Good Health

No comments:

Post a Comment