Wednesday 27 February 2013

၂၀၁၂ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးက ပြုလုပ်ထားတဲ့ကျန်းမာရေးနှင့် ပတ်သက်ပြီး သိသင့်သော ကိန်းဂဏန်းများ

 by ပိုပိုဇော်(သဘာဝအားအင်) on Wednesday, February 27, 2013 at 2:37pm

၂၀၁၂ ခုနှစ်အတွင်း တစ်ကမ္ဘာလုံးက ပြုလုပ်ထားတဲ့ သုတေသနအရ တွေ့ရှိထားတဲ့ ကိန်းဂဏန်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဟိုတယ် အခန်းထဲမှာရှိတဲ့ ဘက်တီးရီးယား ပမာဏဟာ ဆေးရုံမှာ ရှိတဲ့ ပမာဏထက် ၁၀ ရာခိုင်နှုန်းခန့် ပိုမြင့်မား ပါတယ်။ ဟူစတင် တက္ကသိုလ်မှ လေ့လာမှုအရ တီဗီရီမုတ် နဲ့ အိပ်ရာခုတင်ဘေးက မီးခလုတ်တွေမှာ ပိုးမွှားတွေ အများဆုံးရှိတယ်လို့ သိရပါတယ်။

၂။ ဟင်းချက်ပြီးသား ကညွတ်ခွက် တစ်ဝက်စာမှာ သင်နေ့စဉ်လိုအပ်တဲ့ ဖောလိတ်ပမာဏ ၂၀ ရာခိုင်နှုန်း ပါဝင်ပါတယ်။ ဆွီဒင်မှ သိပ္ပံပညာရှင် များရဲ့ လေ့လာမှုအရ ဖောလိတ်ပမာဏ အများဆုံးရရှိတဲ့ အမျိုးသမီးတွေမှာ အကြောင်းကြောင်းကြောင့် သေဆုံးနိုင်ခြေ ၂၁ ရာ ခိုင်နှုန်း လျော့နည်း တယ်လို့ သိရပါတယ်။

၃။ စိတ်ဖိစီးမှုများတဲ့အလုပ်တွေ
ကြောင့် အမျိုးသမီးတွေမှာ နှလုံး တိုက်ခိုက် ခံရနိုင်ခြေဟာ ၆၇ ရာခိုင်နှုန်း မြင့်မားနိုင်တယ်လို့ အမေရိကန်မှ သုတေသီတွေက တွေ့ရှိထားပါတယ်။

၎။ တက္ကဆက် တက္ကသိုလ်မှ သုတေသီတွေက လူလတ်ပိုင်းအရွယ်မှာ ကြံ့ခိုင်စွမ်းအားကို ၂၀ ရာခိုင် နှုန်း မြှင့်တင်လိုက်ရုံနဲ့ အယ်လ်ဇိုင်းမား နဲ့ နှလုံးရောဂါ အပါအဝင် နာတာရှည်ရောဂါ ရှစ်မျိုးဖြစ်နိုင်ခြေ ကို ၂၀ ရာခိုင်နှုန်း လျှော့ချနိုင်တယ်လို့ ဆိုပါတယ်။

၅။ နေ့စဉ် လက်ဖက်ရည်ကြမ်း လေးခွက်သောက်တကြောင့် အမျိုးအစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေ ၁၆ ရာခိုင်နှုန်း လျော့ကျနိုင်ပါတယ်။

၆။ ၁၅၀ မိနစ်ဟာ အိပ်စက်မှုအရည်အသွေး ၆၅ ရာခိုင်နှုန်း တိုးတက်ကောင်းမွန်ဖို့ အပတ်စဉ် သင်လုပ်ရမယ့် လေ့ကျင့်ခန်းလုပ်ချိန် ဖြစ်ပါတယ်။

၇။ ညစဉ်အိပ်ချိန် အနည်းဆုံး ခုနစ်နာရီရရှိတာ ကြောင့် သင့်ခန္ဓာကိုယ် အလေးချိန်ကျဆင်းနိုင်ခြေဟာ ၃၃ ရာခိုင်နှုန်း ပိုမြင့်မားပါတယ်။

၈။ သင်ရဲ့ ခါးအတိုင်းအတာကို ၃၅ လက်မထက် နည်းအောင် ထားပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ BMI (အလေးချိန်နဲ့ အရပ် အချိုးအစား) ရှိပြီး ခါးအတိုင်းအတာကြီးသူတွေ ဟာ ခါးအတိုင်းအတာ သေးသူတွေထက် သေဆုံး နိုင်ခြေ နှစ်ဆပိုမြင့်မားတယ်လို့ အမေရိကန်မှ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။

၉။ သားသမီး ရရှိလိုရင် သင့်အမျိုးသားကို ပြည့်ဝ ဆီပါဝင်မှုများတဲ့ အစားအစာတွေကို ရှောင်ခိုင်းပါ။ ပြည့်ဝဆီစားသုံးတာ များလွန်းရင် သုက်ပိုးအရေ အတွက် ၃၅ ရာခိုင်နှုန်း လျော့နည်းနိုင် ပါတယ်။

၁၀။ တစ်လတစ်ကြိမ် ပုံမှန်အရက်ကို အလွန်အကျွံ သောက်တာ (တစ်ကြိမ်တည်းမှာ စံခွက် လေးခွက် ထက် ပိုသောက်တာ)ကြောင့် အသက်ကြီးလာရင် ဉာဏ်ရည်ဉာဏ်သွေးကျဆင်းမှု ၆၂ ရာခိုင်နှုန်း ပိုများ နိုင်ပါတယ်။

၁၁။ ၂၀၁၂ ရဲ့ လေ့လာမှုအရ အစားအသောက်ထုတ် ကုန်မှ ပါဝင်ပစ္စည်းတွေကို ဖတ်ရှုသူပိုများလာတယ်လို့ သိရပါတယ်။ ထုတ်ကုန်ပေါ်မှ ပါဝင်ပစ္စည်းတွေကို ဖတ်ရှုသူတွေဟာ မဖတ်သူတွေထက် ခန္ဓာကိုယ် အလေးချိန် ၁၀ ပေါင်ခန့် ပိုလျော့နည်းတတ်ပါတယ်။

၁၂။ အသက် ၇၀ ကျော်သည့်တိုင် ဟင်းသီးဟင်းရွက်နဲ့ သစ်သီးကို များများစားကာ လေ့ကျင့်ခန်းဆက် လုပ်တဲ့ အမျိုးသမီးတွေဟာ ကျန်းမာရေးနဲ့ ညီညွတ် မှုမရှိတဲ့ ဘဝနေထိုင်မှုပုံစံအတိုင်းနေသ
ူတွေထက် ငါးနှစ် ပိုအသက်ရှည်နှုန်း ၈ ဆ ပိုများပါတယ်။

၁၃။ အမေရိကန်မှ လေ့လာမှုအရ ရုံးတွေမှာ ပျမ်းမျှ အားဖြင့် ဘက်တီးရီးယား မျိုးစိတ်ပေါင်း အနည်းဆုံး ၅၀ဝ ခန့်ရှိတယ် လို့ သိရပါတယ်။ အမျိုးသားများတဲ့ ရုံးခန်းတွေမှာ အမျိုးသမီးများတဲ့ ရုံးခန်းတွေထက် ပိုးမွှား ၂၀ ရာခိုင်နှုန်း ပိုများပါတယ်။

၁၄။ အသက် ၃၀ ကျော်ချိန်မှာ ကလေးရရှိသူတွေဟာ ၃၀ ကျော်မှာ ကလေးမရရှိတော့တဲ့ သူတွေထက် သားအိမ်ကင်ဆာဖြစ်နိုင်ခြေ ၃၂ ရာခိုင်နှုန်းလျော့နည်း ပါတယ်။

၁၅။ ပြောင်းဖူးပေါက်ပေါက်မှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဂုဏ်သတ္တိရှိတဲ့ ပိုလီဖီနောဟာ သစ် သီးစိတ်မှာ ပါဝင်တာထက် ၄၆ ရာခိုင်နှုန်း ပိုများ ပါတယ်။

၁၆။ သားမြတ်နှင့်ပတ်သက်ပြီး သိသင့်သည်များ
- အသက် ၅၀ အရွယ်မှာ Mammogram ကို နှစ်နှစ်တစ်ကြိမ် ပြုလုပ်ရင် သားမြတ်ကင်ဆာကြောင့် သေဆုံးနိုင်ခြေ ထက်ဝက်ခန့် လျော့နည်း နိုင်တယ်လို့ မဲလ်ဘုန်းတက္ကသိုလ်မှ သုတေသီတွေက တွေ့ရှိထား ပါတယ်။

- သင့်ရဲ့ ပထမဆုံးမွေးဖွားလာတဲ့ ကလေးရဲ့ ခန္ဓာကိုယ် အလေးချိန်ဟာ ရှစ်ပေါင်ဖြစ်ခဲ့ရင် သင့်သား မြတ်ကျန်းမာရေးအတွက် ဂရုစိုက်ရမယ်လို့ တက္က ဆတ်မှ သုတေသီတွေက ဆိုပါတယ်။ ပထမဆုံး မွေးလာတဲ့ကလေးဟာ ကြီးထွားတာကြောင့် အမေမှာ သားမြတ်ကင်ဆာဖြစ်နိုင်ခြေ ၂ .၅ ဆ ပိုများနိုင် ပါတယ်။

- တစ်နေ့ကို စုစုပေါင်း လေ့ကျင့်ခန်းလုပ်ချိန် ၈၅ မိနစ် ရှိရင် သားမြတ်ကင်ဆာ ဖြစ်နိုင်ခြေ ၃၀ ရာခိုင်နှုန်း လျော့နည်းနိုင်ပါတယ်။ သင်ဟာ မီးယပ်သွေးဆုံး ချိန် ရောက်နေပြီး မျိုးပွားနိုင်တဲ့ အရွယ်တွေမှာ လေ့ ကျင့်ခန်းမလုပ်ခဲ့ရင်တောင်မ
ှာ ဒီအကျိုးကျေးဇူးကို ရရှိနိုင်ပါတယ်။

၁၇။ လေ့လာမှုတွေအရ ကျွန်မတို့ရဲ့ ၉၃ ရာခိုင်နှုန်းဟာ နေ့စဉ် ဟင်းသီးဟင်းရွက် ငါးပုံစာကို မစားဘူးလို့ သိရပါတယ်။
၁၈။ သင့်မှာနာတာရှည် ခါးနာရောဂါရှိပြီး ယောဂကျင့်စဉ် ပြုလုပ်မယ်ဆိုရင် နှစ်စဉ်နှစ်တိုင်း မကျန်းမာတဲ့နေ့ ၈ ရက်ခန့် နည်းသွားနိုင်တယ်လို့ အင်္ဂလန်မှ သုတေသီတွေက ဆိုပါတယ်။ ယောဂကျင့်စဉ်ကို ၁၂ ပတ်ကြာ အစီအစဉ်အတိုင်း ပြုလုပ်သူတွေဟာ မပြုလုပ်သူတွေထက် ကိုက်ခဲမှုဝေဒနာ ၆၆ ရာခိုင်နှုန်း လျော့နည်းနိုင်လို့ပါ။

ဒေါက်တာခင်မိုးမိုး
Ref>>>Good Health

No comments:

Post a Comment