Monday 11 February 2013

နေလောင်ဒဏ်ရာ အတွက် လွယ်ကူသက်သာနည်းလမ်းများ

by ပိုပိုဇော်(သဘာဝအားအင်) on Monday, February 11, 2013 at 8:28pm


လူတိုင်းဟာနေရောင်ဒဏ်ကိုမခံချင်ဘဲအရိပ်ထဲမှာနေပြီးအလုပ်လုပ်လိုသူတွေများပါတယ်။ဒါပေမယ့် နေရောင်ခြည်အောက်မှာလဲမလွဲမရှောင်သာသွားလာလှုပ်ရှားရတဲ့အ ခြေအနေကိုလည်းကြုံတွေ့ရပါတယ်။အဲဒီအခါမှာနေလောင်ဒဏ်ရာတွေ ရရှိပြီးအသားအရေညိုမောင်းသွားမှု လိုအလှအပဆိုင်ရာ အပြင်မှဲ့ကင်ဆာ၊ အရေပြားကင်ဆာလိုမလိုလားအပ်တဲ့ အခြေအနေ မျိုးလည်းရနိုင်ပါတယ်။အခုဖော်ပြပေးမည့်နည်းလမ်းလေးတွေကအရေပြား
ပျက်စီးမှုကိုသက်သာ စေပြီးအသားအရည်တောက်ပမှုကို ပေးစွမ်းနိုင်ပါတယ်။
၁။ကြက်ဥအကာနဲ့ပျားရည်

ကြက်ဥအကာနဲ့ပျားရည်ကိုခေါက်ပြီးမျက်နှာဖုံး (mask)ပြုလုပ်ပေးခြင်း။ ဒီနည်းလမ်းဟာကြက်ဥတစ်လုံး (အနှစ်မပါရပါ)ကိုခေါက် ပါမယ်။ပြီးရင် ပျားရည်လက်ဖက်ရည်ဇွန်း တစ်ဇွန်းထည့်ပါမယ်။ပြီးရင်မျက်နှာ တစ်ဝိုက် နဲ့လည်ပင်းကိုပါသုတ်လိမ်းပြီး ၁၅ မိနစ်လောက်ခြောက်အောင်ထားပါ။ပြီးရင် ခွာလိုက်တာနဲ့တောက်ပကြည်လင်တဲ့အသားအရေကိုပိုင်ဆိုင်နိုင်ပါတယ်။တစ်ပတ်ကိုနှစ်ကြိမ်လောက်ပြုလုပ် ပေးနိုင်ပါတယ်။

၂။ နွားနို့နဲ့ပျားရည်။

ဒီနည်းလမ်းမှာတော့နွားနို့( နို့မှုန့်၊နို့ဆီများမသုံး ရပါ)စစ်စစ်မတ်ခွက်တစ်ဝက်(အကြမ်း ပန်းကန်လုံးနှစ်လုံးခန့်)ကို ပျားရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပြီးမွှေပါမယ်။ပြီးရင်မျက်နှာပြင်ပေါ် ကို သုတ်လိမ်းပေးပါ။ဒီနည်းလမ်းကလဲအသားအရေကိုပိုမိုဖြူစင်စေပြီးနေလောင်ဒဏ်ရာတွေကိုသက်သာ စေပါတယ်။

၃။ ပျားရည်နဲ့ထောပတ်သီး။

ထောပတ်သီးကိုမွှေထားတာကသောက်စရာ လို့ပဲမထင်ပါနဲ့။အသားအရေ လှပကြည်စင်စေဖို့လဲသူကတာဝန်ယူ
ပါတယ်။ထောပတ်သီး ကိုမွှေထားတာ (Avocado Mash)ကိုပျားရည် တစ်ဇွန်းထည့်မွှေလိုက်ပါတယ်။ရလာတဲ့ အနှစ်ကိုမျက်နှာဖုံးပြု လုပ်ပေး မယ် ဆိုရင်တော့နေလောင်ဒဏ်နဲ့အခြားအရေပြားပြဿနာတွေဖြစ်တဲ့အရေ ပြားအိုမင်းရင့်ရော်တာ၊အရေပြားတွန့်တာနဲ့အရေပြားပိုးဝင်ခြင်းတွေကို
အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။ဒါပေမယ့်ထောပတ်သီးကလတ်ဆတ်ဖို့၊မွှေတဲ့လုပ်ငန်းစဉ်က သန့်ရှင်းဖို့နဲ့ လက်တွေကို သန့်စင် ထားဖို့လို တာပေါ့နော်။

၎။ သရက်သီးနဲ့နွားနို့ ။

သရက်သီးအနှစ်ကိုမွှေထားရပါ မယ်။ပြီးရင်တော့ ယင်ကောင်မနားအောင်ဖုံးအုပ်ထား ဖို့တော့လိုတာပေါ့။ ပြီးရင်နွားနို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်မွှေပေးပြီးမျက်နှာပြင်ကိုသုတ်လိမ်းပေးမယ်၊ ၁၅ မိနစ်လောက်ကြာရင်ဆေးကြောသန့်စင်ပေးမယ် ဆိုရင်တော့ မျက်နှာပြင်ကိုနေလောင်ဒဏ်ကြောင့်ညိုမည်းနေ ခြင်း၊တင်းတိပ်ထွက်ခြင်း၊အရေပြားပိုးဝင်ခြင်းတွေကိုသက်သာစေပြီးအရေပြားကင်ဆာဖြစ်ပွားမှုကိုလည်း သရက်သီးရဲ့ဓာတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့်ကာကွယ်နိုင်ပါတယ်။

၅။မုန်လာဥနီဖျော်ရည်

နောက်ဆုံးအနေနဲ့အကြံပေးလိုတာကတော့အပေါ်မှာဖော်ပြထားတဲ့မျက်နှာဖုံးတွေအသုံးပြုနေစဉ်မှာ မုန်လာဥနီဖျော်ရည်လေးသောက်သုံးပေး ဖို့ပါပဲ။သူ့ရြဲွ့ကယ်ဝတဲ့ဗီတာမင်အေ၊ Antioxidants တွေနဲ့အခြား ဓာတ်သတ္ထုတွေပါဝင်မှုကြောင့်အသားအရေရဲ့ကျန်းမာရေးကိုအထောက်အကူပြုစေပါတယ်။

ငြိမ်းအေး
Ref: MedIndia
source>>>Health Updates Journal Vol-2,No-3

No comments:

Post a Comment