Wednesday 21 August 2013

အသွင်ပြောင်း အဆီဆိုတာဘာလဲ

by ပိုပိုဇော်(သဘာဝအားအင်)August 21, 2013 at 5:48pm


သီးနှံဆီကို ဟိုက်ဒရိုဂျင်အက် တမ်တစ်လုံး ပေါင်းထည့်လိုက်တဲ့ အခါအသွင်ပြောင်းဆီ (trans fat) ရရှိပါတယ်။ အသွင်ပြောင်းဆီဟာ အစားအစာထုတ်ကုန်လုပ်ငန်းမှာ အသုံးဝင်တဲ့အဆီတစ်မျိုးဖြစ်ပါတယ်။


သွင်ပြောင်းဆီဟာ သီးနှံကရတယ် ဆိုပေမယ့် နှလုံးကျန်းမာရေးကို များစွာ ထိခိုက်စေပါတယ်။


ဆိုးကျိုးဖြစ်စေတဲ့ LDL ကိုလက် စထရောကိုမြင့်တက်စေပြီး ကောင်း ကျိုးပေးတဲ့ HDL ကိုလက်စထရော ကိုလျော့နည်းစေတာကြောင့် နှလုံး သွေးကြောရောဂါများ ဖြစ်ပွားစေပြီး ကိုယ်အလေးချိန်လည်း မြင့်တက်စေ ပါတယ်။

အသွင်ပြောင်း ဆီကြောင့် ဝလာတဲ့အခါ ဗိုက်က အရင်စပြီး အဆီတွေစုလာတတ်ပါ တယ်။

စားသောက်ဆိုင်က စားစရာ တွေမှာ အသွင်ပြောင်းဆီပါလေ့မရှိ ပေမယ့် ထုပ်ပိုးရောင်းချတဲ့ အစား အစာအများစုမှာ တွေ့ရတတ်ပါတယ်။

တစ်နေ့တာ အစားအစာထဲမှာ အသွင်ပြောင်းဆီ နှစ်ဂရမ်ထက် မပို သင့်ပါဘူး။ အသွင်ပြောင်းဆီပါဝင်မှုများတဲ့ အစားအစာတွေကတော့

- အာလူးချောင်းကြော်

- အသားညှပ်ပေါင်မုန့်

- ကြက်သားကြော်

- ပိုင်မုန့် (pie)

- ဒိန်ခဲ

- ဒိုးနတ်မုန့်

- ထောပတ်

- ချပါတီ

- ဘီစကစ် တို့ဖြစ်ကြပါတယ်။

ဇော်ကို Source:RD
Ref>>>Health Updates JournalVol.2, No.32

No comments:

Post a Comment