Friday 30 August 2013

လိမ္မော်သီး ကပေးသော ကျန်းမာရေး အကျိုးကျေးဇူး

by ပိုပိုဇော်(သဘာဝအားအင်)August 30, 2013 at 9:02pm

၁၀၀-ဂရမ် အလေးချိန်ရှိသော လိမ္မော်သီးလတ်လတ်ဆတ်ဆတ်ထဲတွင်၊ ခွန်အား ၄၇ ကယ်လိုရီ၊ ကဆီဓာတ် ၁၁.၇၅ ဂရမ်၊ ပရိုတင်း ၀.၉၄ ဂရမ်၊ အဆီဓာတ် ၀.၁၂ ဂရမ်၊ ကိုလက်စထရော ၀ ဂရမ်၊ ချေဖျက်လွယ်သောအမျှင်ဓာတ် ၂.၄၀ ဂရမ်၊ ဖောလိပ် ၃၀ µg ၊ နီအာစင် ၀.၂၈၂ မီလီဂရမ်၊ Pantothenic အက်ဆစ် ၀.၂၅၀ မီလီဂရမ်၊ Pyridoxine ၀.၀၆၀ မီလီဂရမ်၊ Riboflavin ၀.၀၄၀ မီလီဂရမ်၊ ဗီတာမင် ဘီ (သီအာမင်) ၀.၁၀၀ မီလီဂရမ်၊ ဗီတာမင်စီ ၅၃.၂၀ မီလီဂရမ်၊ ဗီတာမင်အေ ၂၂၅ IU ၊ ဗီတာမင်အီး ၀.၁၈ မီလီဂရမ်၊ ဗီတာမင်ကေ ၀ µg ၊ ဆိုဒီယမ် ၀ မီလီဂရမ်၊ ပိုတက်စီယမ် ၁၆၉ မီလီဂရမ်၊ ကယ်လ်စီယမ် ၄၀ မီလီဂရမ်၊ ကော့ပါး ၃၉ မိုက်ခရရိုဂရမ်၊ သံဓာတ် ၀.၁၀ မီလီဂရမ်၊ မဂနီစီယမ် ၁၀ မီလီဂရမ်၊ မဂနီးစ် ၀.၀၂၄ မီလီဂရမ်၊ ဇင့် ၀.၀၈ မီလီဂရမ်၊ ဘီတာကယ်ရိုတင်း ၇၁ µg၊ အယ်လ်ဖာကယ်ရိုတင်း ၁၁ µg ၊ Crypto-xanthin-β ၁၁၆ µg ၊ လူတိန်း-zeaxanthin ၁၂၉ µg ၊ Lycopene ၀ µg တို့  အသီးသီးပါရှိကြပါသည်။

(၁) လူတစ်ယောက်၏ တနေ့ တာ ဗီတာမင်စီ လိုအပ်ချက် ပမာဏကို လိမ္မော်သီး ၁၃၀ ဂရမ် မှရရှိနိုင်ပါသည်။ လိမ္မော်သီးသည် ဗီတာမင်စီဓာတ် တို့ စုဝေးရာ အရင်းအမြစ်ဖြစ်ပြီး၊ polyphenols (ခေါ်) ဓာတ်တိုးဆန့် ကျင်ပစ္စည်း များလဲကြွယ်ဝစွာပါရှိခြင်းတို့ ကြောင့် ကိုယ်ခံစွမ်းအားကိုတိုးတက်မြင့်မားကာ အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ တုပ်ကွေး စသော ရာသီဖျားများကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်ပါသည်။

(၂) The University of Maryland Medical Center မှ သုတေသနပြုချက်အရ၊ အသီးထဲတွင်ပါရှိသော ဘီတာကယ်ရိုတင်းက ခန္ဓာကိုယ်ထဲရှိဆဲများကို မပျက်စီးစေဘူးဟု ဆိုပါသည်။ ထို့ ပြင်သွေးလွှတ်ကြောများကို ပျော့ပြောင်းစေပြီး၊ အနာကျက်မှုကို မြန်စေသော အစွမ်းလဲရှိသဖြင့် ကိုယ်တွင်းကိုယ်ပ အနာများကို ပျောက်စေပါသည်။

(၃) လိမ္မော်သီးထဲတွင် liminoid ဓာတ်ပေါင်းစုပါရှိသည့်ပြင်၊ အခွံအောက်လိမ္မော်သီးတွင် ကပ်နေသော ဖော့သားအဖြူရောင်၌ bioflavonoids နှင့် Pectin ဓာတ်တို့ ပါရှိ၏။ ထိုဓာတ်များက သက်စောင့်ဆေးအဖြစ် ကင်ဆာရောဂါ တို့ ကို တိုက်ဖျက် ပေးနိုင်သော အစွမ်းသတ္တိရှိ၍၊ အစာမျိုပြွန်၊ ခံတွင်း၊ အရေပြား၊ အဆုပ်၊ ရင်သား၊ အစာအိမ် နှင့် အူမကြီး ကင်ဆာတို့ ကို တိုက်ထုတ်ပေးပါသည်။ ဒါတင်မကသေးပါဘူး။ လိမ္မော်သီးအသားတွင် ကပ်နေသော အဖြူရောင်အမျှင်များထဲတွင် alkaloid synephrine ပါရှိပေရာ၊ ၄င်းက အသည်း မှ ကိုလက်စထရောထုတ်လုပ်မှုကို လျော့ချပေးသည့်အပြင်၊ သွေး နှင့် အရေပြား အောက်တို့ မှမလိုလားအပ်သော အဆီများကိုစုတ်ထုတ် ပေးနိုင်စွမ်းရှိပါသည်။ လိမ္မော်သီးအခွံကို နေ့စဉ်နဲနဲစီ စားသုံးပေးခြင်းဖြင့် သွေးထဲရှိမကောင်းသော ကိုလက်စထရောလ် (Low Density Lipoprotein- LDL) ပမာဏ ၃၃ ရာခိုင်နှုန်း လျော့နည်းစေ ကြောင်း အမေရိကန် စိုက်ပျိုးရေးဌာန၏ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားပါသည်။

(၄) လိမ္မော်သီးထဲတွင် ကယ်လိုရီနဲပါးပြီး၊ ပြည့်ဝဆီနှင့် ကိုလက်စထရောတို့ လုံးဝမပါရှိသည့်ပြင်၊ ချေဖျက်လွယ်သော အမျှင်နှင့် pectin တို့  ကြွယ်ဝစွာပါရှိသောကြောင့် ခန္ဒာကိုယ်အလေးချိန် ပုံမှန်ထိန်းသိမ်းလိုသူများကို လွန်စွာကောင်း ကျိုးပြုပေးပါသည်။

(၅) အသီးထဲတွင်ပါရှိသော alkaline အစွမ်းက အစာချေစံနစ်ကိုတိုးတက်ကောင်းမွန်စေပြီး၊ ၀မ်းချုပ်ခြင်းမှ ကာကွယ်ပေး၏။ အစာမကျေ၊ လေနာ၊ လေချုပ်၊ နှင့် ခန္ဓာကိုယ်ရှိ အဆိပ်များကို ဖယ်ရှားစေရန်အတွက် လိမ္မော်သီးကို မခွံမနွှာဘဲ လေးစိပ်ခွဲ၍ အရက်နှင့်စိမ်ပြီး နည်းနည်းချင်းသောက်ပေးသင့်ပါသည်။ ဝမ်းမမှန်သူများသည် လိမ္မော်ရည် တဖန်ခွက် စာပမာဏကို မီးနွေး နွေးပြ၍ ဆားပုပ် (ငရုတ်ကောင်းစေ့ခန်) နှင့် ချင်းခြောက်မှုန့် (တစ်ဇွန်းခန့်) ထည့်ပြီး အအေးခံသောက်ရုံဖြင့် ဝမ်းမှန်၍ ခံတွင်းပြန် ကောင်းလာစေနိုင်ပါသည်။

(၆) လိမ္မော်သီးထဲရှိ ပိုတက်စီယမ်အစွမ်းက နှလုံးခုန်နှုန်းနှင့်သွေးဖိအားတို့ ကို မျှချေဖြစ်စေပြီး၊ နှလုံးရောဂါဝေဒနာ တို့ ကို သက်သာစေနိုင်၏။ ဂျပန်နိုင်ငံ သုတေသနပညာရှင်များ၏ လေ့လာချက်အရ flavonoids နှင့် ဗီတာမင်စီ မြင့်မားစွာ ပါရှိသော လိမ္မော်သီးကို ပုံမှန်စားသုံးသူသည် သွေးခဲခြင်းမှကာကွယ်ပေးကြောင်း၊ ဆံချည်မျှင်သွေးကြောများပျော့ပျောင်း၍ နှလုံးသွေးလွှတ် ကြောကိုလည်းကျယ်စေကြောင်း၊ ထို့ ကြောင့် နှလုံးသွေးကြောကျဉ်း ဝေဒနာရှင်များ လိမ္မော်သီးကို မှန်မှန်စားပေးသင့်သည်ဟု အကြံပြုထားပါသည်။ လိမ္မော်သီးအခွံခြောက် ၂ ဂရမ်ခန့် ကို ရေသုံးခွက် တစ်ခွက်တင်ကြို၍ သောက်သုံးပေးခြင်းဖြင့် နှလုံးရောဂါ အမျိုးမျိုး ကို သက်သာစေပါသည်။

(၇) ဓာတ်ခွဲစမ်းသပ်ချက်များအရ၊ လိမ္မော်သီးထဲတွင်ပါရှိသော မဂ္ဂနီစီယမ် နှင့် flavonoid (ခေါ်) hesperidin တို့ က သွေးပေါင် ချိန်ကို လျော့စေရုံသာမက၊ သွေတိုးရောဂါ နဲ့ ဆက်စပ်သောဆီးချိုတို့ ကိုလဲ ဖြစ်မလာစေပါ။ (၈) သဘာဝလိမ္မော်ရည်ကို မှန်မှန်သောက်ပေးခြင်းဖြင့် ကျောက်ကပ်ကျောက်တည်ခြင်းကို ဟန့်တားပေးနိုင်ပါသည်။ အမေရိ ကန်နိုင်ငံ စုတားပြည်နယ်ဆေးပညာဌာနမှ သုတေသီများ၏လေ့လာချက်အရ ဆီးကျောက်တည်သူများ လိမ္မော်ရည် သောက်သုံး ခြင်းအားဖြင့် နောက်တဖန် ဆီးကျောက်ပြန်မတည်စေရန် အထောက်အကူပြုကြောင်း တွေ့ရသည်ဟု ဖော်ပြထားပါသည်။

(၉) လိမ္မော်သီးထဲတွင်ပါရှိသော ကယ်လ်စီယမ်သတ္တုဓာတ်က အရိုးနှင့်သွားများကို ကျန်းမာကြံ့ခိုင်စေပြီးသွားဖုံးသွေးယိုစီးခြင်း နှင့် ရေစီးကမ်းပြိုရောဂါလဲ မဖြစ်စေပါ။ ကိုယ်ဝန်ဆောင်မိခင်များ လိမ္မော်သီးစားပေးခြင်းဖြင့် ကလေးငယ်တွင် မွေးရာပါ အရိုး ပျော့ရောဂါ မဖြစ်စေနိုင်ပါ။

(၁၀) လိမ္မော်သီးထဲတွင် ပါဝင်သော ဆစ်ထရက်အက်ဆစ်သည် ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားပေးနိုင်၏။ ထို့ ပြင် ဖောလစ် အက်ဆစ်ပါရှိခြင်းကြောင့် ဦးနှောက်စွမ်းအားကို တိုးတက်ကောင်းမွန်စေရုံသာမက၊ အသက်အရွယ်ကြီးခြင်းကြောင့် မှတ်ဥာဏ် စွမ်းပကားနိမ့်ကျခြင်း နှင့် အာရုံကြောအားနဲခြင်း တို့ ကိုလဲသက်သာစေပါသည်။ အထူးသဖြင့် ဂျပန်နိုင်ငံမှထွက်ရှိသော satsuma အမျိုးအစားလိမ္မော်သီးထဲတွင် beta-cryptoxanthin ဓာတ်တို့ ပေါ ကြွယ်ဝသဖြင့်၊ DNA ပျက်စီးခြင်းကိုလျော့ချပေးသည့်ပြင်၊ ဦးနှောက်အမြှေးပါးရောင်ခြင်းနှင့် ဦးနှောက်အကြိုဇရာရောဂါတို့ ကိုလျော့ချပေးပါသည်။ အာရုံကြောအားနည်းခြင်း နှင့် အာရုံစူးစိုက်နိုင်မှုအားနည်းခြင်းတို့အတွက် လိမ္မော်ပွင့်ခြောက်ကို တစ်နေ့နှစ်ကြိမ်မှန်မှန်စားလျှင် အကြောအားကောင်းပြီး မှတ်ဥာဏ်တိုးစေနိုင်၏။ သွေးလေညီညွတ်၍ ဦးနှောက် ကြည်လင်လန်းဆန်းစေရန်အတွက် လိမ္မော်ရွက်(၅၀)ခန့်ကို စပျစ်ဝိုင်(သို့ မဟုတ်)ခေါင်ရည်ဖြင့် နေ့တစ်ဝက်စိမ်ပြီးနောက်၊ ယင်းအရွက်များကို ပျားရည် (၅၀)ကျပ်သား ထည့်ထားသောအိုးထဲသို့ ပြောင်းထည့်ကာ မီးမျှဉ်းမျှဉ်းဖြင့် အရောင်ပြောင်းလာအောင်ကျို၍၊ တစ်နေ့လျှင်နှစ်ကြိမ် လ္ဘက်ရည်ဇွန်းတစ်ဇွန်းခန့် သောက ပေးနိုင်ပါသည်။

(၁၁) လိမ္မော်သီးထဲရှိ သကြားဓာတ်သည် သဘာဝအချိုဓာတ်ဖြစ်၏။ ထို့ပြင် အသီး၌ပါဝင်သည့် အမျှင်များသည်လည်း သကြား စုပ်ယူမှုကို လျော့နည်းစေသောကြောင့် လိမ္မော်သီးစားသုံးခြင်းအားဖြင့် သွေးအတွင်းရှိ သကြားဓာတ်ကို လျင်မြန်စွာ မတက် နိုင်ပေ။ ထို့ကြောင့်လိမ္မော်သီးသည် ဆီးချို/သွေးချိရောဂါသည်များနှင့်၊ ခန္ဓာကိုယ်ဝဖြိုးသူများနှင့်သင့်လျော်၏။ ဂျပန်နိုင်ငံ သုတေသီ၏ လေ့လာချက်အရ လိမ္မော်သီးကို ပုံမှန်စားသုံးသူသည် ဆီးချိုရောဂါ မဖြစ်ပွားဟုဆိုပါသည်။ (သို့ သော် အချိုဓာတ် များသော ပျားလိမ္မော်တို့ ကိုမဆိုလိုပါ)

(၁၂) လိမ္မော်ရည်ကို ရက်သတ္တ ၁-ပတ်လျှင် ၄ကြိမ်မျှ သောက်သုံးခြင်းဖြင့်၊ Rheumatoid (ခေါ်) ရိုးဆက်ရောင်ရမ်းနာများနှင့် အဆစ်အမြစ်အကြောအခြင်ကိုက်ခဲခြင်းတို့ ကို ကာကွယ်ပေးနိုင်ပါသည်။

(၁၃) လိမ္မော်သီးကို မှန်မှန်စားပေးခြင်းဖြင့် အမျိုးသားများအတွက် ကျန်းမာသောသုက်ကောင်များ ထုတ်လုပ်မှုကို အားပေးပြီး၊ အမျိုးသမီးများအတွက် ကလေးမီးဖွားခြင်းကြောင့် သုက်ကောင်များပျက်စီးခြင်းမှကာကွယ်ပေးပါသည်။

(၁၄) လိမ္မော်သီးထဲတွင် beta-carotene (ခေါ်) ဗီတာမင်အေဓာတ်ပါရှိပေရာ၊ အမြင်အာရုံနှင့်ဆက်စပ်လျှက်ရှိသော mucus membranes များကို ကောင်းစွာတည်ဆောက်စေကာ၊ မျက်စိကျန်းမာရေးကို များစွာအထာက်အကူ ပေးပါသည်။

(၁၅) အသီးထဲတွင် ဘီတာမင်ဘီ ၆ ပါရှိပြီး၊ ဟေမိုဂလိုဘင်ကို ကောင်းစွာထုတ်လုပ်ပေးသောကြောင့်၊ ခန္ဓာကိုယ် အနှံ့  အောက်စီဂျင် ပြတ်လပ်ခြင်းမှုမဖြစ်စေပါဘူး။

(၁၆) ကလေးငယ်များတွင်ဖြစ်လေ့ရှိသော၊ ၀က်သက်ရောဂါ နှင့် အသက်ရှုလမ်းကြောင်းပြသနာရောဂါများအတွက် လိမ္မော် သီးက ကောင်းကျိုးပြု၏။ လိမ္မော်ပွင့် (၃၀) ကျပ်သားကို ရေ(၃)ပိသာာနှင့်တစ်ညစိမ်ပြီး၊ နောက်တစ်နေ့နံနက်တွင် ပေါင်းအိုး ဖြင့်ပေါင်း၍ ပေါင်းခံရည်စု ထားပြီးနောက် ထမင်းစားဇွန်းဖြင့်(၅)ဇွန်းမှ(၁၀)ဇွန်းခန့်နေ့စဉ် တိုက်ပေးခြင်းဖြင့် သူငယ်နာအကြော ဆွဲရောဂါကို သက်သာပျောက်ကင်းနိုင်ပါသည်။

(၁၇) လိမ္မော်သီးသည် အရောင်ကျစေသည့် အာနိသင်ရှိသဖြင့် ပန်းနာရင်ကျပ်၊ တီဘီအဆုတ်နာတို့ အတွက် ကောင်းကျိုးပြု၏။ ထို့ ပြင် ချောင်းခြောက်၊ အဆုတ်ရောင်ခြင်း၊ လေပြွန်ရောင်ခြင်း၊ လည်ချောင်းနာခြင်း၊ ချောင်းဆိုး၍ လည်ချောင်း နာခြင်းကိုလဲ ပျောက်ကင်းစေပါသည်။ ချောင်းဆိုးသူများ လိမ္မော်ရွက် လေး/ငါးရွက်ခန့်ကို ဆူအောင်ကျိုပြီးနောက်၊ မီးဖိုမှချ၍ ငါးမိနစ် ခန့် အဖုံးအုပ်ထားပါ။ ထို့ နောက်အရွက်များကို ဖယ်ရှားပြီး ခပ်နွေးနွေး အရည်ကိုတစ်နေ့ သုံးကြိမ်သောက်ပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေနိုင်ပါသည်။

(၁၈)လိမ္မော်သီး၌ပါဝင်သော ကယ်လ်ဆီယမ်ဓာတ်သည် လူ့ခန္ဓာကိုယ် ဖွဲ့စည်းမှုစံနစ်အတွင်းရှိ အက်ဆစ်ပြင်း(Alkaline Mineral) တို့ကို ပျက်ပြယ်သွားစေနိုင်သည့် အဆိပ်ပြေဆေးတစ်မျိုးဖြစ်သဖြင့် သွေးသစ်၊ သွေးသန့် တိုးပွားစေနိုင်၏။

(၁၉) လိမ္မော်သီးကို နေ့စဉ်စားသုံးသူ ၁၀၇၃ ဦးအား လေ့လာခဲ့ရာ ထိုသူများတွင် အသည်းနှင့် ပတ်သက်သည့် ရောဂါများ ဖြစ်ပွားမှု မတွေ့ရှိရကြောင်း၊ ထို့အတူ အသည်းရောဂါ ဖြစ်ပွားနေသူများအား လိမ္မော်သီး ပုံမှန် စားသုံးစေခြင်းဖြင့် ရောဂါ ဖြစ်ပွားမှု သိသိသာသာ လျှော့ကျသွားကြောင်း၊ အသည်းကင်ဆာ၊ အသည်းကြီးခြင်းနှင့် အသည်းတွင် ဖြစ်ပွားတတ်သော ရောဂါများကို ထိရောက်စွာ ကာကွယ်တားဆီး နိုင်ကြောင့်း၊ ဆေးလိပ်နှင့် အရက်တို့ကြောင့် ဖြစ်ပွားတတ်သော အသည်း ရောဂါများ အနေဖြင့် လိမ္မော်သီးကို ပုံမှန်စားသုံးပါက အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်း ဂျပန်သုတေသနပညာရှင်များက အတည်ပြု ထောက်ခံထားပါသည်။

(၂၀) လိမ္မော်သီး တစ်နေ့တစ်လုံး (သို့) လိမ္မော်ရည် တစ်နေ့တစ်ဖန်ခွက် သောက်သုံးလျှင် ငှက်ပျောသီးစားသကဲ့သို့ပင် အူရောဂါ၊ အစာအိမ်ရောဂါနှင့် အစာအိမ်ကင်ဆာဖြစ်ရန် အခွင့်အလမ်းလည်း နည်းစေသည့်ပြင် ခံတွင်းကောင်း၍ အစာကြေ၊ ဝမ်းမှန်စေ၏။ ဝမ်းပျက်ဝမ်းလျှောဖြစ်ပါက လိမ္မော်သီးကို ဆေးအဖြစ် စားသုံးနိုင်ပါသည်။ ဝမ်းလျှော ဝမ်းပျက်သူများ လိမ္မော်ခွံ အမှုန့်နှင့် စပျစ်စေ့အမှုန့်ကိုဆတူရော၍ တနေ့သုံးကြိမ် လက်ဘက်ရည်ဇွန်းတစ်ဇွန်း သောက်ပြီး သက်သာပျောက်ကင်း နိုင်ပါသည်။ လေထိုးလေအောင့်သူများ လိမ္မော်ပင်အခေါက် အနည်းငယ်ကို သုံးခွက်တစ်ခွက်တင်ကျို၍ တနေ့နှစ်ကြိမ် သောက်ခြင်းဖြင့် သက်သာပျောက်ကင်းပြီး၊ ဝမ်းတွင်းရှိ တုတ်ကောင်၊ သန်ကောင်များကိုလည်း ကျစေနိုင်ပါသည်။

(၂၁) လိမ္မော်သီး၏ အခွံရနံ့ ကို ယူကာ ဟင်းခတ်အမွှေးအကြိုင်၊ အိမ်သုံးဆေးဝါးများ နှင့် aromatherapy (ခေါ်) ရနံ့ ကုထုံးတို့ တွင် ထဲ့သွင်းအသုံးပြုကြပါသည်။

(၂၂) လိမ္မော်ပွင့်ထဲတွင် Neroli (ခေါ်) ရနံ့သင်းဆီ တစ်မျိုးပါရှိပေရာ၊ အမူးအမော် ပြေစေ၏။ နာမည်ကျော် အော်ဒီကလုံးရေမွှေး ဖော်စပ်ရာ၌ ထိုလိမ္မော်ပွင့်ဆီကို ထည့်သွင်းအသုံးပြုကြပါသည်။ လိမ္မော်ဆီနှင့်ကျန်းမာရေး။ လိမ္မော်ခွံ၌ ရနံ့သင်းသော Limonen ဆီအပြင်၊ ဂလူးကို့စ် နှင့် တင်နင်ဓာတ်များပါရှိပါသည်။

 အနံ့ အရသာနှင့်ပြည့်စုံသော လိမ္မော်သီးတို့ ကို တစ်နှစ်ပတ်လုံးလိုလို ရရှိနိုင်ပြီး၊ အလွယ်တကူအခွံနွှာစားလို့ ရသောကြောင့် လူကြိုက်များဆုံးနှင့် ပေါ်ပြူလာအဖြစ်ဆုံးသီးနှံများထဲတွင် လိမ္မော်သီးလဲ တစ်မျိုးအပါအ၀င်ဖြစ်ပါသည်။ လိမ္မော်သီးသည် အနံ့  အရသာရှိပြီး ခံတွင်းတွေ့သော သီးနှံဖြစ်သဖြင့် လူကြီး၊ လူငယ် အရွယ်သုံးပါးမရွေး ကြိုက်နှစ်သက်ကြပါသည်။ သဘာဝသီးနှံ မြောက်များစွာရှိတဲ့အနက်မှ လူသားတို့အတွက် ဘက်စုံကောင်းမွန်သော အသီးတစ်မျိုးမျိုးပြပါဆိုလျှင် လိမ္မော်သီး ကို လက်ညှိုးထိုးပြမိမှာ ဧကန်မလွဲပါ။ ထို့ ကြောင့် လိမ္မော်သီး နှင့် လိမ္မော်ပင်တို့ သည် လူသားတို့ကျန်းမာသက်ရှည်ရေးအတွက် အာနိသင်ထက်မြက်သော သဘာဝဆေး တစ်ခွက်ဖြစ်ပါ ကြောင်း………………။

ဘာသာပြန်သူ (ပေါက်ပေါက်)
ကိုးကား (Internet)
Ref>>ပေါက်ပေါက်၏ လိမ္မော်သီးအကြောင်းသိကောင်းစရာ ဆောင်းပါးမှကောက်နူတ်တ်ဖေါ်ပြပါသည်။

No comments:

Post a Comment