Saturday 10 August 2013

ဝမ်းမည်းမည်း သွားစေသော ရောဂါများ

by ပိုပိုဇော်(သဘာဝအားအင်)August 10, 2013 at 12:29pm

လောင်းလိုက်ရင်တောင် စေးကပ်နေ တတ်ပါတယ်။ ပြီးတော့ အရမ်းနံ ပါတယ်။ သွေးညှီနံ့လို အနံ့မျိုး ရတတ်ပါ တယ်။ ဒီလို လူနာရှိတဲ့ Ward ထဲကို သွားလိုက်ရင် ဆရာဝန်တွေ သိပါတယ်။ သံဓာတ်ပါတဲ့ ဆေးတွေသောက်ရင် တော့ ဒီလိုမျိုး ဝမ်းက စေးကပ်တာ၊ အနံ့ နံတာမျိုး မရှိပါဘူး။

စအိုကနေ သွေးတွေ တောက်တောက တောက်တောက်နဲ့ ကျတာကတော့ လိပ် ခေါင်းဖြစ်တာပါ။ ဝမ်းမည်းမည်းသွား တာက အစာအိမ်ကနေ သွေးယိုတာဖြစ် ပါတယ်။ လူတစ်ယောက်က ဝမ်းမည်းမည်း သွားနေပြီ၊ ကတ္တရာစေးလိုလည်း စေးကပ် နေတယ်၊ အနံ့လည်း အရမ်းနံတယ်ဆိုရင် အရင်ဆုံး လူနာကို ရာဇဝင်စမေးရပါ တယ်။ လူနာကို ဘာရောဂါရှိဖူးသလဲလို့ မေးလိုက်လို့ အစာအိမ်ရောဂါ ရှိဖူးတယ်၊ နဂိုကတည်းက Peptic Ulcer ရှိဖူးတယ်၊ အခု အစားအသောက်မမှန်ဘူး ဆိုရင် ဒီရောဂါကြောင့် ဝမ်းမည်းမည်းသွားတာ ဖြစ်နိုင်တယ်။

နောက်တစ်ချက်က အသည်းရောင် အသားဝါ ဘီပိုးရှိတယ်၊ စီပိုးရှိတယ်၊ အ သည်းခြောက်တယ်ဆိုရင် Oesophageal Varices ကြောင့် ဖြစ်နိုင်ပါတယ်။

နောက်တစ်ခုက ခါးကိုက်တယ်၊ ဒူး နာတယ်၊ ဒါကြောင့် အကိုက်အခဲပျောက် ဆေးတွေကို သောက်နေတာ ကြာပြီ၊ ဒါ မှမဟုတ် မြန်မာဆေးတွေကို လေးငါး ခြောက်ပတ်လောက်စွဲသောက်နေတာ အခုဝမ်းမည်းမည်း သွားတယ်ဆိုရင် သွေး ကြောပေါက်တာကြောင့် ဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ်လည်း အစားအသောက် ပျက်နေတာ ကြာပြီ၊ ပိန်တာကြာပြီ၊ လည် ပင်းအကျိတ်လည်း ထွက်လာတယ်ဆို ရင် အစာအိမ်ကင်ဆာကို သံသယရှိပါ တယ်။ ပြီးတော့ သံဓာတ်ပါတဲ့ ဆေးတွေ သောက်ထားသလားလို့လည်း မေးပါ တယ်။ လူတွေက သွေးအန်တယ်ဆိုရင် ကြောက်ပေမယ့် ဝမ်းမည်းမည်းသွား တယ်ဆိုရင် ပေါ့ဆတတ်ပါတယ်။ ဝမ်းမည်းမည်း သွားတတ်တာလည်း အစာအိမ်က သွေးယိုတာပဲ ဖြစ်ပါတယ်။

တက္ကရာလို စေးကပ်ပြီး အနံ့လည်း အရမ်းနံပါတယ်၊ ဝမ်းမည်းမည်းသွားတာ သေချာတယ်ဆိုရင်တော့ ဆေးရုံးကို ဆေးရုံကို အမြန်ဆုံးသွားပြပါ။ ဝမ်းမည်းမည်းသွားတဲ့ အခြေအနေကို မပေါ့ဆပါနဲ့လို့ ပြောချင်ပါတယ်။

ပါမောက္ခ ဦးအေးမွန်
ခွဲစိတ်အထူးကု ဆရာဝန်ကြီး
BY GOOD HEALTH



No comments:

Post a Comment