Saturday 3 August 2013

စိတ်ဖိစီးမှု ကင်းစေမည့် အစာ ကိုးမျိုး

by ပိုပိုဇော်(သဘာဝအားအင်)August 3, 2013 at 12:21pm

စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါ ခံစား ရသူတွေ ပိုမိုစားသုံးသင့်တဲ့ အစားအစာ တွေကို  ရေးသား လိုက်ပါတယ်။
 ဟင်းနုနယ်

ဟင်းနုနယ်မှာ ဖောလစ်အက်စစ်နဲ့ တခြားအင်တီ အောက်ဆီးဒင့်တွေပါဝင်ပြီး ခန္ဓာကိုယ်အတွက် အကျိုးပြုဓာတ်တွေ များစွာပါဝင်တာကြောင့် စိတ်ဖိစီးမှုကို တိုက်ထုတ်နိုင်တဲ့ စူပါအစားအစာတစ်ခု အနေနဲ့ လူသိများကြပါတယ်။

အစေ့အဆန်

အစေ့အဆန်တွေမှာ ဗီတာမင်ဘီ အုပ်စုဝင်နဲ့ ဗီတာမင်အီးတွေပါဝင်ပြီး ခန္ဓာ ကိုယ်ရဲ့ ခုခံအားစနစ်ကို မြင့်တက်စေပါ တယ်။ သွေးဖိအားကို တိုက်ထုတ်နိုင်ပြီး မြေပဲနဲ့ ဗာဒံစေ့လိုမျိုးတွေမှာ မဂ္ဂနီဆီယမ် နဲ့ ဇင့်ဓာတ်တွေပါဝင်တာကြောင့် ဖိစီးမှု ကင်းစေဖို့ ကူညီနိုင်ပါတယ်။

ငါး

ငါးအမျိုးမျိုးမှာ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါ ဝင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အဆီ ဖြစ်တဲ့ အိုမီဂါသရီးပါဝင်ကာ စွမ်းအင် ပြည့်ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ပါဝင်ပါတယ်။ ငါးအမျိုးမျိုးမှာပါဝင်တဲ့ ဗီ တာမင်ဘီ ၁၂ က သင့်စိတ်အာရုံကို ပျော်ရွှင်စေတဲ့ ဟော်မုန်းတစ်မျိုးကို ထွက် ရှိစေနိုင်ပါတယ်။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ သဘာဝအင်တီ အောက်ဆီးဒင့်၊ ရောဂါပိုးတွေကို တိုက်ထုတ်နိုင်တဲ့ ဓာတ်တွေနဲ့ သွေးဖိအားကို ထိန်းချုပ်ပေးနိုင်တဲ့အစွမ်းတွေပါရှိပါ တယ်။ ဒါ့အပြင် ခန္ဓာကိုယ်တွင်း အစာ အဆိပ်ဖြစ်တာကိုလည်း ကုသပေးနိုင်ပါ တယ်။

ဘယ်ရီးသီး

ကျန်းမာစေတဲ့ အင်တီအောက်ဆီးဒင့်ပါ ဝင်ပါတယ်။ ရက်စ်ဘယ်ရီသီးမှာတော့ ခန္ဓာကိုယ်တွင်းက ကိုလက်စထရော အ ဆင့်ကို ကျစေတဲ့ အာနိသင်ပါဝင်ပြီး စိတ်ကို ကြည်လင်စေတဲ့အာနိသင်ရှိပါ တယ်။

နို့

တီအောက်စီးဒင့်တွေကြောင့် ဖိစီးမှုကင်း စေကာ ညဘက်မှာ နွားနို့တစ်ခွက် သောက်အိပ်တာကြောင့် နှစ်ခြိုက်စွာအိပ် စက်အနားယူနိုင်ပါတယ်။

ချောကလက်

ချောကလက်ဟာ စိတ်ကိုပျော်ရွှင် လန်းဆန်းစေတဲ့ ဖြည့်စွက်အစားအစာ တစ်မျိုးအဖြစ် လူသိများကြပါတယ်။ ချောကလက်စားတာကြောင့် ဦးနှောက် ကြည်လင်ကာ ဖိစီးမှုတွေကို လျှော့ချပေး နိုင်ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ ကဖင်းဓာတ်က သင့်ခန္ဓာကိုယ်တွင်း စွမ်း အင်ဖြစ်စေပါတယ်။ အနက်ရောင် ချော ကလက်အနည်းငယ်ကို သရေစာအဖြစ် စားပါ။

ထောပတ်သီး

ပိုတက်စီယမ်ဓာတ်တွေမြင့်မားစွာပါဝင်ပါ တယ်။ ထောပတ်သီးမှာပါဝင်တဲ့ အဆီနဲ့ ဗီတာမင်အီးက စိတ်ဖိစီးမှုအတွက် အ ကောင်းဆုံး ဖြည့်စွက်စာပဲဖြစ်ပါတယ်။

ကောက်နှံစာ

အစားအစာတွေက အမျှင်ဓာတ်ကြွယ်ဝ ပြီး နှစ်ခြိုက်စွာအိပ်ပျော်စေကာ ဖိစီးမှု လည်းကင်းစေပါတယ်။

ဖိစီးမှု လျှော့ချပေးနိုင်မည့် နည်းလမ်းများ

- ရယ်မောပျော်ရွှင်စွာနေပါ။
- ကခုန်တာမျိုး၊ အေရိုးဗစ်ကစားတာ လိုမျိုး၊ အပြေးပြိုင်တာလိုမျိုး အသင်းအ ဖွဲ့နဲ့ ကစားရတဲ့ အစီအစဉ်တွေမှာ ပါဝင် ဆင်နွှဲပါ။
- အလှပြင်ဆင်ပါ။
- ဟာသရုပ်ရှင်ကြည်တာ၊ စာအုပ်ဖတ် တာနဲ့ ဟာသဥာဏ်ရွှင်တဲ့သူငယ်ချင်းနဲ့ စကားပြောပါ။
- စိတ်အေးချမ်းရာနေရာတွေမှာ လမ်း လျှောက်အပန်းဖြေပါ။
သဲသဲ
ref>>Good Health

No comments:

Post a Comment