Monday 26 August 2013

ခေါင်းကိုက်ဝေဒနာအတွက်စိတ်မညစ်နဲ

by ပိုပိုဇော်(သဘာဝအားအင်)August 26, 2013 at 9:42pm

ခေါင်းကိုက်ခြင်းသည် အဖြစ်များဆုံးဝေဒနာများထဲတွ င်တစ်ခုအပါအ၀င်ဖြစ်ပြီး၊ လူကြီးလူငယ် ကျားမရွေးဖြစ်လေ့ရှိကြသည်။ စိတ် ဖိစီးမှုများခြင်း၊ အစားမှားခြင်း၊ အဖျားကြီးခြင်း၊ ၀မ်းချုပ်ခြင်း ၊ သောက်သုံးရသောပဋ္ဋိဇီဝဆေးဝါးများ၏ဘေးထွက်ဆိုးကျိုး၊ ကိုယ်တွင်းအပူခဲခြင်း၊ ဇက်ကြော တက်-ဦးနှောက်အကျိတ်ထွက်ခြင်း-စိတ်ဝေဒနာရောဂါစသည့် ဦးနှောက်အာရုံကြောအမျိုးမျိုး၊ ဟိုမုန်း ပြသနာများ၊ လည်ပင်း၊ အရိုးကျီးပေါင်း၊ သွား-ခံတွင်း-မေးရိုးရောဂါ၊  မျက်လုံး၊ နား၊ခါင်း၊ အာသီး နှင့် လည်ချောင်းရောဂါများ၊ သွေးတိုး ခြင်း၊ဆီးချိုတက်ခြင်းစသည်ဝေဒနာများ ကြောင့် ခေါင်းကိုက်တတ်သည်။


ခေါင်းကိုက်၍ အသက်မသေနိုင်သော်လဲ၊ တခါတရံ သေမလောက်အောင် ခေါင်းကိုက် တတ်ကြပြီး၊ နေ့ စဉ် လူ ၁၀၀ လျှင် ၁၅ ဦး ခန့်  ခေါင်းကိုက်ပျောက်ဆေး မှီဝဲနေကြရသည်။ ထို့ ကြောင့် ခေါင်းကိုက်ခြင်းကို မပေါ့လျော့ဘဲ၊ အထက်ပါရောဂါနှင့် သက်ဆိုင် ရာဆရာဝန်ဖြင့် ဆေးကုသမှုခံယူရင်း၊ ဝေဒနာသက်သာအောင် အောက်ပါနည်းလမ်းတို့ ဖြင့် မိမိကိုယ်ကို ဆင်ခြင်နိုင်ကြစေရန် မျှဝေ အပ်ပါသည်။

အပယိက ခေါင်းကိုက်ဝေဒနာရှောင်ရှား နည်း။

* ဗိုက်အဆာလွန်ခြင်းက ခေါင်းကိုက်စေတတ်သဖြင့်၊ အစာမခံပါနှင့်။

* သကြားအချိုဓာတ်က ခေါင်းကိုက်ခြင်းကို တမဟုတ်ချင်း ပြေပျောက်စေနိုင်၍၊ စားပွဲတင်ဇွန်း ၁-ဇွန်းစာ ပမာဏရှိသော သကြားကို စားပေးပါ။

* ယောဂကျင့်စဉ်က သွေးလည်ပတ်မှုကိုကောင်းမွန်ေ စပြီး၊ ခေါက်ကိုက်ခြင်းမှ ကာကွယ်ပေးပါသည်။

* ဆီကြော်မုန့် များ နှင့် အကြွတ်ကြော်များစားသုံးခြင်းကို ဖြစ်နိုင်သမျှရှောင်ပါ။ 

* အိပ်ရေး၀၀ အိပ်ခြင်းက အကောင်းဆုံးခေါင်းကိုက်ပျော က်ဆေးပါ။

* စိမ်းရောင်ခြယ် ဟင်းရွက်များနှင့် ဓာတုကင်းစင်၍ သန့် ရှင်းလတ်ဆတ်သော သစ်သီးဝလံများများ စားပေးပါ။

* ခေါင်းကိုက်နေစဉ် နွားနို့ တစ်ခွက်သောက်ပေးခြင်းက ဝေဒနာကို ပြေလျော့စေပါသည်။ 

* ညအိပ်ခါနီး ဒိန်ချဉ်လုံးဝမသောက်ပါနှင့် 

* ချိစ် နှင့်ချောကလက်များ အလွန်အကျွံမစာမိပါစေနှင့်။ ၀မ်းချုပ်မခံပါနှင့်။

* လေကောင်းလေသန့် ရရှိသောနေရာတွင် နာရီဝက်ခန့် လမ်းလျှောက်ရင်း၊ အသက်၀၀ရှုသည့် လေ့ကျင့်ခဏ်းလုပ်ပေးပါ။

* ရေငတ်ခံခြင်း/ နှာရည်ပြင်းပြင်းညှစ်ထုတ်ခြ င်း/ အလွန်အကျွံအိပ်စက်ခြင်း စသည်တို့ ကို မှတမှုရှိပါစေ။

ခေါင်းကိုက်ခြင်းအတွက် အိမ်တွင်းကုထုံး။

* ကိုယ်တွင်းအပူဓာတ်လျော့ကျစေ ရန် နံနံပင်နှင့် သကြားပြုတ်ရည် သောက်သုံးပါ။

* လေးညှင်းပွင့်ကို အိုင်အိုဒင်းဆားဖြင့်ရောထော င်း၍ နွားနို့ ဖြင့်သောက်ပေးခြင်းက စိတ်ဖိစီးမှုများပြေလျော့စေ ပြီး ခေါင်း ကိုက်သက်သာစေပါတယ်။

* သစ်ကြပိုးခေါက်မှုန့် ကို ရေနှင့်ပျစ်ပျစ်ရောပြီး၊ ခေါင်းကိုက်သည့်နေရာကိုလမ်း ကျံပေးပါ။ သံပုံရာရည်သောက်ပါ။ * နံ့ သာဖြူ သွေး၍ နဖူးတွင် လိမ်းကျံပေးပါ။

* အုန်းဆီဖြင့် ဦးရေပြားအနှံ့ နှိပ်နယ်ခြင်းက လူကိုပေါ့ပါးလာကာ၊ အချိန်တိုတွင်းခေါင်းကိုက်ေ ပျာက်စေပါတယ်။

* ရှေးအစဉ်အလာကတည်းကစ၍ အာရှနိုင်ငံများမှားမှာ လ္ဘက်ရည်ကြမ်းကို ရိုးရာခေါင်းကိုက်ပျောက်ဆေးအဖြစ် သောက် သုံးလာခဲ့ကြသည်။ လ္ဘက်ရည်ကြမ်းထဲ ဂျင်း-ဇီယာ-နံနံစေ့တို့ ရောသောက်ခြင်းက ပိုမိုဆေးစွမ်းထက်စေသည်။

* ခေါင်းကိုက်သောနေရာကို ယူကလစ်ဆီဖြင့် နှိပ်နယ်ပါ။

* မကြာခဏ ခေါင်းကိုက်တတ်သူများအတွက် ပန်းသီးကို ၁၀ ရက် ခန့် နံက်အိပ်ယာထတိုင်း စားပေးပါ။

* ဗန်ဒါစေ့ဆီဖြင့် နဖူးကို လိမ်းကျံခြင်းက ခေါင်းကိုက်ဝေဒနာများကို တမဟုတ်ချင်း သက်သာလာစေမှာပါ။

* အနံ့ ဆိုးသော်လဲ နံက်အိပ်ယာထ ကြက်သွန်ဖြူစားပေးခြင်းက ခေါင်းကိုက်ဝေဒနာကို မိနစ်အနည်းတွင်း ပျောက်ကင်း စေ၏။

* ဟိုမုန်းရောဂါကြောင့် ခံရခက်လှသည့် မိုင်ဂရိန်း(န်) (ခေါ်) ခေါင်းတခြမ်းကိုက်ဝေဒနာကို အမျိုးသားထက် အမျိုးသမီးများ အဖြစ်များလေ့ရှိသည်။ အထူးသဖြင့် သွေးဆုံးခါနီး နှင့် သွေးဆုံးပြီးစအမျိုးသမီးများ ခံစားနေရပါသည်။ ထိုရောဂါအ တွက် နံက်သီး-ကိုက်လံရွက်-တရုပ်နံနံ-သခွားသီး-သံပုရာရည်-ဂျင်း တို့ ဖြင့် ရောစပ်ထားသော ဖျော်ရည်ကို ယုံကြည် စိတ်ချစွာသောက်သုံးပါ။ ထို အမယ် ၆-မျိုးထဲရှိ သဘာဝအစွမ်းထက် ဓာတ်တိုးဆန့် ကျင်ပစ္စည်းများက ခေါင်းတခြမ်း ကိုက်ပျောက်ဆေးသဖွယ် ကောင်းကျိုးပြုစေပါသည်။

(ပေါက်ပေါက်….ရေးသားသည်)
(မှီငြမ်း။ Australian Daily Health Tips)

No comments:

Post a Comment