Monday 26 August 2013

သင့်ဆံပင်လေးကျန်းမာစေချင်

by ပိုပိုဇော်(သဘာဝအားအင်)August 26, 2013 at 10:21pm

ကောင်းခြင်း ၅-ဖြာထဲတွင် ဆံပင်၏ကောင်းခြင်းသည်လည်း တစ်ခုအပါအ၀င်ဖြစ်သည်။ သန့် ရှင်းသောဆံပင်သည် လူတစ်ယောက်၏ တစ်ကိုယ်ရေသန့် ရှင်းမှုပြယုဂ် ဖြစ်သကဲ့သို့ ၊ ဆံပင်၏ ကျန်းမာရေးကလည်း ခန္ဓာကိုယ်တစ်ခုလုံး ကျန်းမာရေးနှင့် ဆက်နွယ်နေ၏။ သို့ ပါ၍ သင့်ဆံပင်လေးကျန်းစေရန် အောက်ပါနည်းလမ်း ၂၀ တို့ ဖြင့် မျှဝေလိုက်ရပါသည်။

(၁) ရေနွေးနှင့်ပန်းသီးရှာလကာရည်တို့ ကို ဆတူရော၍၊ ဆံသားအနှံ့ လိမ်းကျံပေးပြီး ၅-မိနစ် အကြာတွင် ရေအေးအေးဖြင့် ခေါင်း လျှော်ပေးခြင်းသည် ဆံသားကိုကျန်းမာကြံ့ ခိုင်စေသည်။

(၂) မုန့် ဖုတ် ဆော်ဒါ စားပွဲတင်ဇွန်း ၃-ဇွန်း ကို ရေအနည်းငယ်ရောပါ။ မိမိနှစ်သက်ရာ ရှမ်ပူ(ခေါင်းလျှော်ရည်)ဖြင့် လျှော်ပြီးနောက် ထို ဆော်ဒါရည်ဖြင့်လောင်းပါ။ နောက် ၅-မိနစ်ခန့် အကြာတွင် ရေအေးအေးဖြင့် ထပ်မံလျှော်ပေးခြင်းဖြင့် ဆံသားထဲရှိပိုလျှံသော ရှမ်ပူများ ဖယ်ရှားပေးကာ ဆံသားနှင့်ဦးရေပြားတွင် ဓာတုပစ္စည်းများကင်းစင်စေပါလိမ့်မည်။

(၃) ဆံသားအေးမြပြီးခိုင်ခန့် စေရန်အတွက် အိန္ဒိယရိုးရာကုထုံးများအဖြစ်၊ ဘူးသီးသတ္တုရည်ကို ဆံပင်အနှံ့ လိမ်းကျံ၍ နာရီဝက်ခန့်  ထားပြီးနောက် ရေအေးအေးဖြင့် ခေါင်းလျှော်ပေးလေ့ရှိသည်။

(၄) ဆံပင်သားနူးညံ့ပျော့ပျောင်း တောက်ပစေရန်အတွက် ခေါင်းလျှော်ပြီး ၂-နာရီခန့် အကြာတွင် သံလွင်ဆီလိမ်းပေး သင့်သည်။ သံလွင်ဆီကို ပျားရည်အနည်းငယ်ရော၍ လိမ်းပေးခြင်းဖြင့် ပိုမိုအစွမ်းထက်စေ၏။

(၅) ပုံမှန်ဆံသားပိုင်ရှင်များ ဆံပင်ကျွတ်ခြင်းနှင့် အရွယ်မတိုင်မှီဆံပြင်ဖြူခြင်းမှ ကာကွယ်ရန်အတွက် ဆီးဖြူသီးအ မှုန့် တစ်ခွက်၊ ကြက်ဆူဆီစားပွဲတင်ဇွန်း ၂-ဇွန်း၊ ကြက်ဥ ၁-လုံး တို့ ကို ခေါက်မွှေ၍ ဆံသားနှင့် ဦးရေပြားအနှံ့  လိမ်းကျံပြီး နာရီဝက်ခန့် အကြာ ခေါင်းလျှော်ပေးပါ။

(၆) မိမိခန္ဓာကိုယ်အပူရှိန်ထက် ပို၍ပူသောရေနွေးဖြင့် ခေါင်းလျှော်ခြင်းသည် ဆံသားကို ကာကွယ်ပေးသည့် သဘာဝအဆီ ဓာတ်ကို ဆုံးရှုံးသွားကာ ဆံသားများခြောက်သွေ့ ၍ မာဆတ်ဆတ်ဖြစ်စေနိုင်သည်။

(၇) ဆံပင်နှစ်ခွဖြစ်ခြင်းနှင့် ခြောက်သွေ့ ခြင်းတို့ အတွက် ကြက်ဥအကာဖြင့်လည်းကောင်း၊ ဆံသား နှင့် ဦးရေပြား သန့် ရှင်ပြီး အစို ဓာတ်ရရှိစေရန်အတွက် ကြက်ဥအနှစ်/ အကာအားလုံးဖြင့်လည်းကောင်း တခေါင်းလုံးလိမ်းကျံပေးပြီး  မိနစ် ၂၀ ခန့် အကြာတွင် ရေအေး အေးဖြင့် သန့် စင်ဆေးကြောပေးပါ။

(၈) ပုံမှန်ဆံသားပိုင်ရှင်များ အတွက် မိမိသုံးနေကျ conditioner (ခေါ်) ပေါင်းဆေး ၁-ခွက်စာပမဏကို ပျားရည် စားပွဲတင် ဇွန်း ၂-ဇွန်း ခန့် ရောပြီး၊ ဆံပင်အနှံ့ လိမ်းပေးပါ။ နာရီဝက်ခန့် အကြာ ရေဆေးသန့် စင်ပေးခြင်းဖြင့် သိသိသာသာ ဆံသားပြောင်လက်လာစေသည်။

(၉) ရေများများသောက်ပြီး၊ အရည်ရွှမ်းသော ဟင်းသီးဟင်းရွက်နှင့်သစ်သီး ၀လံ များများစားပေးခြင်းကလည်း ဆံပင်ကျန်း မာရေးကို အထောက်အကူဖြစ်စေသည်။

(၁၀) အဆီပြန်သောဆံသားပိုင်ရှင်များအတွက် ကြက်ဥတစ်လုံး၊ သံပုရာရည် လက်ဖက်ရည်ဇွန်း ၁-ဇွန်း နှင့် အနီရောင်ဒန်း ဆိုးဆေး အမှုန့်  ၁-ခွက်တို့ ကို သမအောင်ရောစပ်ပြီး၊ ဆံပင်အနှံ့ လိမ်းကျံပေးပါ။ နာရီဝက်ခန့် အကြာ မိမိသုံးနေကျ ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းကို သက်သာစေသည်။ (ဒန်းဆိုးဆေးအမှုန့် ကြောင့် ဆံပင်အနီ ရောင် မပြောင်းစေပါ)

(၁၁) မက်မွန်သီးအဆီ ၁-ခွက်စာပမာဏကို စက္ကန့်  ၄၀-လောက်အပူပေးပြီး၊ ဦးခေါင်းအနှံ့ လိမ်းကျံပေးကာ မိနစ် ၃၀-ခန့် အကြာ သုံး နေကျ ခေါင်းလျှော်ပေါင်းဆေးတို့ ဖြင့် ရေအေးအေးသုံး၍လျှော်ချပေြး ခင်းသည် ဆံပင်အမြစ်မှ အရင်းထိခိုင်ခန့် သန်စွမ်းစေသည်။

(၁၂) ဦးရေပြားခြောက်သွေ့ ခြင်းမှ ကာကွယ်ရန်အတွက် ဦးစွာခေါင်းကိုရေလောင်းပြီးနောက် ဘီယာအနည်းငယ်ဖြင့် မိနစ် ၂၀-ကြာ အောင်နှိပ်နယ်ပေးပြီး၊ ဘီယာနံ့ ပျောက်စေရန် ရေစင်စင်လောင်းပေးပါ။ ဤနည်းအတိုင်း တပတ်လျှင်တစ်ကြိမ် မှန်မှန်လုပ်ပေးခြင်းဖြင့် ဆံသားချောမွေ့ လာပါလိမ့်မည်။ (နှာရည်ယိုသောသူများအတွက် မသင့်တော်ပါ)

(၁၃) နေလောင်သော ဆံပင်များအတွက် ပျားရည် ခွက်တစ်ဝက်၊ သံလွင်ဆီ ၂-ဇွန်း နှင့် ကြက်ဥအနှစ်တို့ ကို ရောစပ်၍ ဆံပင် အနှံ့ လိမ်းကျံပြီး၊ မိနစ် ၂၀-ခန့် အကြာ ရေနွေးနွေးဖြင့် လျှော်ပေးခြင်းဖြင့် ဆံသားပရိုတင်းအဖြစ် အားဖြည့်ပေး ပါသည်။

(၁၄) ဗောက်ထ၍ ဦးရေပြားယားယံခြင်းကလည်း ဆံပင်ကျွတ်ခြင်း၏ အဓိကသော့ချက်ဖြစ်၍၊ ဦးခေါင်းသန့် စင် တစ်ကိုယ် ရေကျန်းမာ ရေးအတွက် အချိန်ပေး၍ ဆောင်ရွက်ပါ။

(၁၅) ဓာတုကင်းစင်သော ပရိုတင်းဓာတ်ပေါင်းဆေးသဖွယ် ၊ မိမိအိမ်မှာပင် ကြက်ဥ နှင့် ဒိန်ချဉ်အရာအနှောတို့ ကို ဦးရေပြား ထဲ စိမ့်ဝင်အောင်နှိပ်နယ်၍၊ ၁၀-မိနစ်အကြာ ရေအေးအေးဖြင့် ဆေးကြောပေးနိုင်ပါသည်။

(၁၆) မိမိနှစ်သက်ရာ ရှမ်ပူဖြင့် ခေါင်းလျှော်ပြီးနောက်၊ ရှောက်ရည် လက်ဘက်ရည်ဇွန်း ၁-ဇွန်းဖြင့် ဆံပင်အနှံ့ လိမ်းပေး၍ မျက်နှာသုတ်ပုဝါဖြင့် ခြောက်သွေ့ အောင်သုတ်ပေးခြင်းသည် ဆံပင်အနံ့ ဆိုးများကို ပပျောက်စေပြီး၊ ဆံသားခြောက် သွေ့ ခြင်းမှလည်း ကာကွယ် ပေးသည်။

(၁၇) ဆံပင်ကို ရက်သတ္တတစ်ပတ်လျှင် ၂-ကြိမ်-၃ကြိမ်သာလျှော်ပေး သင့်ပါသည်။ ထို့ ထက် အကြိမ်ရေပိုလျှော်ခြင်းသည် ဆံပင်ကျွတ် ထွက်စေပြီး၊ ဦးရေပြား အဆီကိုလည်းခန်းခြောက်စေသည်။

(၁၈) ပလပ်စတစ်ဘီးဖြင့် ခေါင်းဖြီးခြင်းသည် ဆံပင်နှစ်ခွဖြစ်စေ၏။ ဆံပင်အရှုပ်အထွေးကို ရှင်းလင်းရန်အတွက် ဦးစွာ ဆံပင်ထိပ်ဖျား ပိုင်းမှဖြီးပါ၊ ထို့ နောက် ဆံသာများကို အသာအယာဆုပ်ကိုင်ပြီး ဆံပင်အရင်းပိုင်း (အမြစ်) မှ အောက်ခြေ သို့ ဆွဲချဖြီးပါ။

(၁၉) ခေါင်းလျှော်ပြီးနောက် လေပူစက်ဖြင့်မှုတ်ခြင်းသည် ဆံသားခြောက်သွေ့ ကြမ်းထော်စေသဖြင့်၊ ပုံမှန်သဘာဝ လေဖြင့် သာ အခြောက်ခံခြင်း (သို မဟုတ်) လေအေးပေးပေးစက်ဖြင့် မှုတ်ခြင်းကိုသာ သုံးပါ။

(၂၀) တမာရွက်ကိုထောင်း၍ ရလာသောအနှစ်ဖြင့် ခေါင်းလျှော်ပေးခြင်းသည် ဦးရေပြားရှိအဆီပေါက်များကို ပွင့်စေကာ၊ ဦးရေပြား သွေးပုံမှန်စီးဆင်းလည်ပတ်စေ ပြီး၊ သန့် ရှင်းကျန်းမာစေနိုင်သည်။

ဘာသာပြန်သူ (ပေါက်ပေါက်)
မှီငြမ်း(hair-care/18504)


No comments:

Post a Comment