Friday 30 August 2013

အာဟာရဓာတ်တွေချို့တဲ့နေပြီလား

by ပိုပိုဇော်(သဘာဝအားအင်)August 30, 2013 at 9:44pm

ခန္ဓာကိုယ်က လိုအပ်တဲ့အာဟာရဓာတ်တွေ ချို့တဲ့နေပြီဆိုရင် ခန္ဓာကိုယ်ကပဲ သတင်းပို့တယ်နော်။ ခေါင်းပေါ်ကဆံပင်ကစလို့ ခြေထောက်ကခြေသည်းလေးတွေပါ ခန္ဓာကိုယ်မှာချို့တဲ့နေတဲ့ လိုအပ်နေတဲ့ အာဟာရတွေကို ပြောပြနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ အာဟာရချို့တဲ့နေတာကို စောစောစီးစီးသိရင် မြန်မြန်ကုပြီး မြန်မြန်ကောင်းနိုင်တာပေါ့။ စိတ်ဝင်စားစရာကောင်းပါတယ်။ လေ့လာကြည့်ကြစို့နော်။
 
Hair
- ဆံပင်တွေ အရမ်းကိုခြောက်သွေ့နေတယ်ဆိုရင် ခန္ဓာကိုယ်ကမရှိမဖြစ်လိုအပ်တဲ့အဆီ (Essential Fatty Acid) ချို့တဲ့နေလို့ပါပဲ။
- အသက်ငယ်ငယ်လေးနဲ့ ဆံပင်တွေဖြူပြီး ဦးဦးဒေါ်ဒေါ်အခေါ်ခံနေရပြီဆိုရင်တော့ Pantothenic Acid (B5) ချို့တဲ့နေလို့ပါပဲ။
- ဆံပင်တွေအကျွတ်များရင် ဗီတာမင်အုပ်စု၊ ဖောလစ်အက်ဆစ်နဲ့ Essential acid ချို့တဲ့နေလို့ဖြစ်နိုင်သလို ဗီတာမင်အေတွေ အလွန်အကျွံသောက်သုံးမိလို့လည်း ဖြစ်နိုင်ပါတယ်။
- ဗောက်ထတတ်တဲ့သူတွေအတွက်က ဗီတာမင်ဘီအုပ်စု၊ EFA နဲ့ Selenium တို့လို ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေချို့တဲ့နေလို့ပဲ ဖြစ်ပါတယ်။  

Face
  - ၀က်ခြံအတွက်များတာက ဇင့်ဓာတ်၊ ဗီတာမင်အေနဲ့ EFA ချို့တဲ့လို့ပါ။  

Mouth
- သွားပိုးစားတာက Vit B6 , Silica နဲ့ Calcium တွေ ချို့တဲ့လို့ပါ။
- သွားဖုံးသွေးယိုနေရင် သွားနဲ့ ခံတွင်းရောဂါတွေအပြင် Vit C ချို့တဲ့လို့ဖြစ်နိုင်ပါတယ် ။
- ပါးစပ်ထောင့်စွန်းတွေ ကွဲနေရင် ဗီတာမင်ဘီအုပ်စု အထူးသဖြင့် Vit B2 ချို့တဲ့နေလို့ပါ။
- လျှာနာပြီးရောင်နေရင် Vit B2 , ဖောလစ်အက်စစ် ၊ ဇင့်နဲ့ သံဓာတ်ချို့တဲ့နေနိုင်ပါတယ်။  

Eye
- မျက်လုံးအောက်ညိုနေရင် Vit C, Vit K ချို့တဲ့နေနိုင်ပါတယ်။
- အောက်မျက်ခမ်းအတွင်းဘက်မှာ ဖြူဖျော့နေရင် သံဓာတ်ချို့တဲ့လို့ပါ။  

Nails
- လက်သည်းက ပုံမှန်ခုံးခုံးလေး မဟုတ်ပဲနဲ့ ပြားနေရင် ၊ခွက်နေရင် သံဓတ်
- လက်သည်းဟာ ပြောင်ချောမနေပဲနဲ့ ဒေါင်လိုက် အထစ်အကြောင်းလေးတွေ ပေါ်နေရင် သတ္တူဓတ်တွေ ချို့တဲ့နေလို့ပါ။
- လက်သည်းမှာ အဖြူစက်လေးတွေ ပေါ်လာရင်တော့ ဇင့်ဓတ် 

Hang nails
- လက်သည်းတွေ ကြွတ်ဆပ်အက်ကွဲနေရင်

Hands
  - လက်ချောင်းလေးတွေ ထိပ်မှာ အက်ကွဲနေရင် ဇင့် ၊

Vite E နဲ့ EFA
- လက်ဖျားအေးတဲ့သူတွေကတော့ EFA , Vit B3 , B 12 နဲ့ သံဓတ် ဒါတွေကတော့ ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အဟာရတွေချို့တဲ့ရင် ပေါ်လာတတ်တဲ့ လက္ခဏာတွေပါပဲ။

Credit to>>>Myanmar Sky Link

No comments:

Post a Comment