Friday 30 August 2013

အမျိုးသားများ စမတ်ကျစေရန် စားသင့်သော အရာများ

by ပိုပိုဇော်(သဘာဝအားအင်)August 30, 2013 at 10:25pm

ယောကျာ်း ပီသတဲ့ ပုံစံမျိုးနဲ့ စမတ်ကျကြည့် ကောင်းစေဖို့ရာ အတွက် လိုးရှင်းတွေ၊  အစိုဓာတ် ထိန်းခရင်မ်တွေ အသင့်အတင့် သုံးဖို့ လိုတာမှန်ပေ မယ့် စားသောက်တဲ့ အစားအသောက်တွေ ကလည်း အရေးပါ နေပါတယ်။ ဒါကြောင့် သင့်ကို အခုထက် ပိုပြီး စမတ်ကျကြည့်ကောင်း နေစေဖို့ အောက်ပါ ရိုးစင်းတဲ့ အစားအသောက် ဆိုင်ရာ စည်းကမ်းကို သတိရလိုက်ပါ။

ထိပ်ပြောင်ခြင်း ကင်းဝေးစေရန် ဥအမျိုးမျိုး စားပါ

ထိပ်ပြောင်တာက မျိုးရိုးလိုက်နိုင်ခြေများပေ မယ့် လုပ်ငန်းခွင် စိတ်ဖိစီးမှုများတာနဲ့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အမြန်စာတွေကို စားတာနဲ့လည်း ဆက်နွှယ်မှုရှိပါတယ်။ အာဟာရဓာတ် ချို့တဲ့တာက ဆံပင်ကျွတ်နှုန်းများတာကြောင့် သင့်ဆံကေသာ ကျန်းမာရေးအတွက် ဥအမျိုးမျိုးကို စားပေးသင့်ပါ တယ်။ ဥအမျိုးမျိုးမှာပါတဲ့ သံဓာတ်နဲ့ ပရိုတင်းဓာတ် ဟာ ဆံပင်မကျွတ်အောင် ကာကွယ်ပေးပြီး ဗီတာ မင်ဘီက စိတ်ဖိစီးမှုမဖြစ်အောင် ကူညီပံ့ပိုးပေးနိုင် ပါတယ်။

မျက်စိနီခြင်း သက်သာစေရန် ဟင်းနုနယ်ရွက် စားပါ

တစ်နေ့လုံး ကွန်ပျူတာအသုံးများတာ၊ တီဗီ ကြည့်တာတွေကြောင့် ဖြစ်တတ်ပါတယ်။ မျက်စိမှာ ဒဏ်သက်ရောက်မှုကို လျော့ကျစေဖို့ အစိမ်းရောင် ဟင်းသီးဟင်းရွက် အထူးသဖြင့် ဟင်းနုနယ်ရွက်ကို စားပေးပါ။ ဟင်းနု နယ်ရွက်မှာ မျက်စိကို အကာအကွယ်ပေးတဲ့ ကာရို တီးနွိုက်၊ လူတင်နဲ့ ဇီဇန်သင်းတို့ ပါဝင်တာကြောင့် မျက်သားကြည်လင်စေပါတယ်။ မျက်စိကျန်းမာစေ ဖို့ရာအတွက် တစ်ပတ်မှာ နည်းဆုံး သုံးကြိမ် စား ပေးပါ။

နှာခေါင်းနီခြင်း သက်သာစေရန် ဘလူးဘယ်ရီးသီး ဖျော်ရည်သောက်ပါ

အရက်အလွန်အမင်းသောက်တာကြောင့် နှာခေါင်းနီမြန်းနေတတ်ပါတယ်။ နှာခေါင်းနီမြန်းမှု သက်သာစေဖို့ ဘလူးဘယ်ရီသီးကို စားပေးပါ။ ဘိုင် အိုဖလေ ဗိုးနွိုက်များစွာ ပါဝင်တဲ့ ဘလူးဘယ်ရီသီး ဖျော်ရည်ကို သောက်တာကြောင့် သွေးကြောကို ကျယ် စေပါတယ်။ ပရိုတင်းဓာတ်ပါဝင်မှုများတဲ့ ဘလူး ဘယ်ရီသီးဖျော်ရည်ကို သောက်ပေးသင့်ပါတယ်။

အရေးအကြောင်း ဖြစ်ခြင်း လျော့ကျစေရန် မာလကာသီးစားပါ

အမျိုးသားတွေမှာ အရေးကြောင်းဖြစ်မှု လျော့ကျစေဖို့ ဗီတာမင်စီများများ စားပေးသင့် ပါတယ်။ ဗီတာမင်စီပါတဲ့ မာလကာသီးကို စားတာ ကြောင့် အရေးကြောင်းကို တွန်းလှန်နိုင်ခြေ ရှိပါ တယ်။ မာလကာသီးဟာ လိမ္မော်သီးထက် ဗီတာ မင်စီပါဝင်မှု ငါးဆရှိပြီး မကောင်းတဲ့ ဖရီးရယ်ဒီ ကယ်လ်ကို တွန်းလှန်နိုင်တဲ့ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ကာ အရွယ်မတိုင်ခင် အိုမင်းမှု မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ မာလကာ သီးကို တစ်ပတ်မှာ သုံးကြိမ်ခန့် စားပေးသင့်ပါတယ်။

လေထုညစ်ညမ်းမှု လျော့ကျစေရန် ထောပတ်သီး စားပါ

လေထုညစ်ညမ်းတဲ့ ဒဏ်ခံရရင် အရေပြားမှာ ဗီတာမင်အီး ကင်းစင်သွားပါတယ်။ ဗီတာမင်အီး ဟာ အသားအရေကို ချောမွေ့နူးညံ့ကာ ပျော့ပျောင်း စေပါတယ်။ ဗီတာမင်အီးပါဝင်မှုများတဲ့ ထော ပတ်သီးကို စားတာကြောင့် အသားအရေ ကျန်းမာ လှပအောင် ပြုပြင်နိုင်စွမ်းရှိပါတယ်။ ထောပတ်သီး မှာ ကောင်းတဲ့ အဆီဓာတ် ပါဝင်မှု မြင့်မားတာ ကြောင့် တစ်ပတ်မှာ အနည်းဆုံး တစ်ကြိမ်စားပေး သင့်ပါတယ်။

ကေအမ်
by Good Health

No comments:

Post a Comment