Saturday 24 August 2013

ဆီးသီး(ဇီးသီး) နဲ့ သဘာဝအသားအရေထိန်သိမ်းနည်း။

by ပိုပိုဇော်(သဘာဝအားအင်)August 24, 2013 at 5:18pm


ဆီးသီးဟာ မည်သည့်အသားအရေအတွက်မဆို သင့်တော်တဲ့အတွက် ဘေးထွက်ဆိုးကျိုးမရှိဘဲ အသုံးပြုနိုင်ပါတယ်။ ယနေ့ အလှကုန် ဈေးကွက်ထဲမှာ ဆီးသီးဖြင့်ဖော်စပ်ထားတဲ့ ကုန်ပစ္စည်းများ တွင်ကျယ်စွာရောင်းချနေကြရပါတယ်။ စရိတ်စကမများဘဲ လှပတဲ့အသား အရေပိုင်ရှင်ဖြစ်အောင် မိမိအိမ်မှာ အောက်ပါနည်းလမ်းအသွယ်သွယ်တို့ ဖြင့် ဖန်တီးနိုင်ပါတယ်။

၁။မျက်နှာအသားထဲမှာ စွဲမြဲဝင်ရောက်နေတဲ့ မှိုင်း/ဖုံ/အညစ်အကြေးတို့ ကြောင့် သင့်မျက်နှာမည်းညစ်ညစ်ဖြစ်နေပါသလား။ စိတ် မပူပါနှင့်။ ဆီးသီး ၃လုံးကို ကျိတ်ချေ၍ သဘာဝပျားရည်စစ်စစ် စားပွဲတင်ဇွန်း ၁-ဇွန်းဖြင့် ရောနယ်၍သော်လည်းကောင်း၊ (သို့ မ ဟုတ်) ဆီးသီး ၃လုံးကို ကျိတ်ချေပြီး၊ သဘာဝကော်ဖီမှုန့်  စားပွဲတင်ဇွန်း ၁-ဇွန်း၊ သဘာဝပျားရည်စစ်စစ် စားပွဲတင်ဇွန်း ၁-ဇွန်း တို့  ဖြင့် ရောနယ်၍သော်လည်းကောင်း မျက်နှာအနှံ့ လိမ်းကျံပေးပြီး ၁၀မိနစ်အကြာမှာ ရေအေးဖြင့်သန့် စင်ဆေးကြောပေးဖြင့် မျက်နှာပေါ်ရှိ ဆဲလ်အသေများကို ဖယ်ရှားပြီး၊ သင့်မျက်နှာလေး ဖြူစင်လာပါလိမ့်မယ်။

 ၂။ ကြိတ်ချေထားသောဆီးသီး အနှစ်တို့ ကို ကြက်ဥအကာ၊ သကြား နှင့် သမအောင်နယ်ကာ၊ မျက်နှာနှင့်လည်ပင်းတလျှောက် ရက်သတ္တ တစ်ပတ်လျှင်တကြိမ်မျှ လိမ်ပေးခြင်းဖြင့် မျက်နှာပေါ်တွင်အမည်းအစက်အပြောက်နှင့်အသားအရေအရောင် မညီခြင်း တို့ ကို သက်သာစေပါတယ်။

၃။ မျက်နှာအသားအရေသိပ်သည်းညက်ညောစေရန်အတွက်၊

(က)ခြောက်သွေ့သော အသားအရေပိုင်ရှင်များသည် ဆီးသီးသတ္တု ရည် စားပွဲတင်ဇွန်း ၁-ဇွန်းစာပမာဏကို ကြက်ဥအနှစ် ၁-လုံးဖြင့်ရောစပ်နယ်လိမ်းကာ ၁၅မိနစ်အကြာတွင် ရေခပ်နွေးနွေး ဖြင့်မျက်နှာသစ်ပေးရပါမယ်။

(ခ) အဆီပြန်သောအသားရေပိုင်ရှင်များအတွက်၊ ချေမွထားသော ဆီးးသီး ၂ လုံးကို ကြက်ဥအနှစ် ၁လုံး၊ ပျားရည်စားပွဲတင်ဇွန်း ၁/၂ ဇွန်း တို့ ဖြင့်သမအောင်နယ်ကာ လိမ်းကျံပေးပြီး ၁၅မိနစ်ခန့် အကြာမှာ ၊ ရေခပ်နွေးနွေး ဖြင့် မျက်နှာသစ်ပေးရပါမယ်။

(ဂ) ပုံမှန်အသားရေပိုင်ရှင်များအတွက်၊ ချေမွထားသော ဆီးသီး ၃ လုံးကို၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ဇွန်းတို့ ဖြင့် ရောစပ်ကာ facial mask အဖြစ် လိမ်းပေးပြီးနောက် ၁၅ မိနစ်အကြာမှာ ရေနွေး နွေးလေးဖြင့်မျက်နှာသန့် စင်ပြီး ထပ်မံ၍ ရေအေးဖြင့်သစ်ပေးရပါမယ်။

၎။ မျက်နှာပေါ်ရှိ အရေးအကြောင်းများ နှင့် အသားအရေလျော့ရွဲကျမှုများ သက်သာစေရန်အတွက်၊ဆီးသီး ၆လုံးကိုပြုတ်ကာ ထို ဆီးသီးတို့ ကို အအေးခံကြိတ်ချေပြီးနောက် သံလွင်ဆီ စားပွဲတင်ဇွန်း ၁ ဇွန်းဖြင့် ရောနယ်လိမ်းပြီး၊ ၁၅ မိနစ်ခန့် အကြာမှာရေ အေးအေးဖြင့် သန့် စင်ပေးရပါမယ်။

၅။ဝက်ခြံအမာရွတ်များ၊ အသက်အရွယ်ကြီးရင့်၍ အမဲစက်ပြောက်များနှင့် တင်းတိပ်စွဲခြင်းများအတွက် ကျိတ်ချေထားသောဆီးသီး စားပွဲတင်ဇွန်း (၄)ဇွန်းစာပမာဏကို၊ ဒိန်ချဉ် စားပွဲတင်ဇွန်း ၁ဇွန်း၊ သံလွင်ဆီ စားပွဲတင်ဇွန်း ၁ဇွန်း နှင့် မန်ကျည်းသီးအနှစ် စားပွဲတင်ဇွန်း ၁/၄ ဇွန်း တို့ ဖြင့်ရောနယ်ကာ ရက်သတ္တတစ်ပတ်လျှင် ၃ကြိမ်မျှ ဤနည်းအတိုင်းမှန်မှန်လိမ်းပေးခြင်းဖြင့် သင့်အသားအရေ ကောင်းမွန်တိုးတက်လာပါလိမ့်မယ်။

၆။ ဆီးသီးဟာ မျက်နှာအသားအရေအတွက်သာမက၊ ခေါင်းဦးရေပြားကိုကျန်းမာစေပြီး ဆံပင်မကျွတ်စေပါဘူး။ ဒါ့ကြောင့် ဆီးသီး ကို သဘာဝဆေး ဆံပင်သန်ဆေးအဖြစ် ယုံကြည်စိတ်ချစွာအသုံးပြုနိုင်ပါတယ်။ လတ်ဆတ်သောဆီးသီးသတ္တုရည်ကို ကြက်ဥ အနှစ် ၁လုံးဖြင့်နယ်ကာ ခေါင်းဦးရေပြားထဲထိ စိမ့်ဝင်အောင်နှိပ်နယ်ပေးပြီး၊ ၁၀မိနစ်ခန့် အကြာမှာ မိမိလျှော်နေကျ ခေါင်းလျှော် ရည်ဖြင့် လျှော်ပေးလိုက်ရုံပါဘဲ။

ဘာသာပြန်သူ (ပေါက်ပေါက်)
မှီငြမ်း (World's Healthiest Fruit - Plum)

2 comments:

  1. ကြိုက်သွားလို့ အများဖတ်ရအောင် ကျနော့်ဖဘပေါ် သယ်သွားပြီဗျာ။

    ReplyDelete
    Replies
    1. သယ်လို့ရသလောက် ကြိုက်သလောက်သာ သယ်သွားပါရှင်။ ဆက်လက်ဝေမျှလို့လဲ WHY? WHY? WHY? ကိုလေးစားကျေးဇူးတင်ရှိပါတယ်ရှင်

      Delete