Tuesday 3 September 2013

အစာအိမ်ပြဿနာ၏ အံ့သြဖွယ်ရာ အချက်များ

by ပိုပိုဇော်(သဘာဝအားအင်)September 3, 2013 at 11:34pm

လမ်းလျှောက်ပါ

လေ့ကျင့်ခန်း လုပ်တာဟာ အစာခြေစနစ်ထဲမှ ဂက်စ်တွေကို ရွေ့လျားဖို့အတွက် ကူညီနိုင်ပါတယ်။ ဒါကြောင့် အစာစားပြီးပြီးချင်း တစ်မှေးအိပ်မယ့်အစား ခဏတာ လမ်းလျှောက်လိုက်ပါ။ ပူဒီနာ လက်ဖက်ရည် သောက်တာဟာလည်း အစာကြေဖို့အတွက် ကူညီနိုင်ပါတယ်။

နွားနို့သောက်ပါ

အစားကြူးတာ ဒါမှမဟုတ် အဆီများတဲ့အစာတွေ စားပြီးရင် အစာအိမ်အတွင်း အက်စစ်ဓာတ်တွေ များများ ထွက်လာတတ်ပါတယ်။ နို့ထွက် ကုန်ပစ္စည်းတွေဟာ အစာအိမ်အတွင်း အက်စစ်ဓာတ်တွေ များလွန်းတာကြောင့် ဖြစ်ပေါ်တဲ့ အစာမကြေတာကို သက်သာစေနိုင်ပါတယ်။

ဆီကြော်စာများကို ရှောင်ပါ

အာလူးချောင်းကြော်၊ အနီရောင်အသား၊ သကြားနဲ့ ဖြူအောင်ဖွပ်ထားတဲ့ အစာတွေကို ပုံမှန်စားတဲ့ အမျိုးသမီးတွေဟာ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေ များပါတယ်။ ဒီအစာတွေ စားမယ့်အစား ကောက်နှံတစ်ခုလုံး ပါဝင်စာ၊ အာလူးပြုတ် ဒါမှမဟုတ် အာလူးဖုတ်နဲ့ သကြားပါဝင်မှု နည်းတဲ့ အစာတွေကို စားပေးပါ။ အူမကြီးကင်ဆာဖြစ်နိုင်ခြေ ထက်ဝက်ခန့် ကျဆင်းနိုင်ပါတယ်။  

အစာအိမ်အနာ ပျောက်ကင်းစေရန် နွားနို့သောက်မည့် အစား ငရုတ်ကောင်းစားပါ

နွားနို့မှာ ပါဝင်တဲ့ ကယ်လ်စီယမ်တွေဟာ အစာအိမ်အနာကို ပိုဆိုးစေတတ်ပါတယ်။ အစာအိမ်အနာ ပျောက်ကင်းနိုင်ဖို့ အယ်လ်ကိုဟောနဲ့ အစပ်စာတွေ ရှောင်ပါ။ ဒါပေမဲ့ ငရုတ်ကောင်းကတော့ အစာအိမ်အနာ သက်သာစေနိုင်တယ်လို့ သိရပါတယ်။  

လေပွခြင်းသက်သာအောင် ပွတ်သပ်ပေးပါ

ညာဘက်တင်ပါးမှ နံရိုးဆီသို့ တဖြည်းဖြည်း လက်နဲ့ပွတ်သပ်ပါ။ ပြီးရင် နံရိုးအောက်ပိုင်းကို ဖြတ်ပြီး ဘယ်ဘက်တင်ပါးဆီသို့ လက်ဖဝါးနဲ့ ပွတ်သပ်သွားပါ။ မကြာခဏ ပြုလုပ်ပေးရင် လေပွတာ သက်သာသွားနိုင်ပါတယ်။

ဒေါက်တာခင်မိုးမိုး
by GoodHealth

1 comment:

  1. အသက်ရှူမဝတာဘာကြောင့်ပါလဲ

    ReplyDelete