Tuesday 3 September 2013

နှလုံးထိခိုက်စေသည့် အကျင့်ဆိုး ခုနစ်ရပ်


(၁) အရက် အလွန်အမင်း သောက်ခြင်း

အရက်ကို အလွန်အမင်း သောက်တာကြောင့် နှလုံးအပေါ် ကြီးမားတဲ့ သက်ရောက်မှုကို ဖြစ်စေရုံသာမက အ ရက်ကို ကြာရှည် သောက်သုံးတဲ့အတွက် နှလုံးမှာ ထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ အ ရက်သောက်တာကြောင့် အသည်း၊ အရိုး၊ မှတ်ဥာဏ်တို့ကို ထိခိုက်စေရုံသာမက နှ လုံးရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်နိုင်ခြေတို့ ကို တိုးမြင့်စေပါတယ်။ အရက်ဖြတ်တာ ကြောင့် နှလုံးရောဂါဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်းလျော့ကျစေပါတယ်။


(၂) ဆားအလွန်အမင်း စားခြင်း

ဆားနည်းတဲ့ ဟင်းတွေက ပေါ့ရွှတ် ရွှတ်နိုင်တယ်ဆိုပြီး ဆားထပ်မခတ်ပါနဲ့။ ဆားစားသုံးမှု များတာကြောင့် သွေးတိုး စေပြီး သွေးတိုးတာဟာ နှလုံးရောဂါထ စေတဲ့ အန္တရာယ်ပါပဲ။ ဒါကြောင့် သင် စားတဲ့ ဟင်းလျာတွေမှာ ဆားအပိုမထည့် ခင် နှစ်ကြိမ် ပြန်စဉ်းစားပါဦး။

(၃) အလွယ် စားသောက်ခြင်း

အစာနဲ့ ဆားကဲတဲ့ အစာတွေဟာ ကျန်း မာရေးအတွက် အဓိက အန္တရာယ်ပါ။ ဒီ အစာတွေက လူတွေကို ဝစေတဲ့အပြင် နှလုံးရောဂါအတွက် အဓိက အန္တရာယ် လည်း ဖြစ်ပါတယ်။

(၄) လေ့ကျင့်ခန်း လုံးဝ မလုပ်ခြင်း
လှုပ်ရှားမှု မရှိတာက နှလုံးရောဂါ ဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတစ်ခု ပါပဲ။ ပုံမှန် လေ့ကျင့်ခန်းမလုပ်ရင် အမျိုး အစား (၂) ဆီးချိုရောဂါဖြစ်နိုင်ခြေကို ပို များစေပါတယ်။ လေ့ကျင့်ခန်းမလုပ်တဲ့ အတွက် ကိုယ်အလေးချိန်များတာဟာ နှ လုံးကို အနှေးနဲ့ အမြန် ဆိုသလို ထိခိုက် မှု ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာက စိတ်ခံစားမှု၊ နှလုံးနဲ့ ဦးနှောက် ကျန်းမာရေး၊ သွေးစီးဆင်းမှု၊ ဆဲလ်အ တွင်း အောက်ဆီဂျင်ရောက်ရှိမှုတို့ကို ကောင်းမွန်စေပါတယ်။

(၅) စိတ်ဓာတ်ကျခြင်းနှင့် ပူပင်သောကကို ကုသမှု မခံယူဘဲ နေခြင်း

ပှုပင်သောက၊ စိတ်ဓာတ်ကျတာနဲ့ စိတ်ဖိစီးမှု တွေက အထွေထွေ ကျန်းမာ ရေးကို ထိခိုက်စေပြီး နှလုံးကို အားနည်း စေပါတယ်။ စိတ်ဝေဒနာတို့ကို ကုသမှု မခံယူဘဲနေရင် ကိုယ်ခံစွမ်းအား အဆင့်နဲ့ စွမ်းအင်အဆင့်ကို လျော့ကျစေသလို အ စာစားချင်စိတ်နဲ့ နာ့ဗ်ကြောစနစ်ကို လည်း ထိခိုက်စေပါတယ်။ မကောင်းတဲ့ စိတ်ခံစားမှုဟာ နှလုံးကျန်းမာရေးအ တွက် မကောင်းပါဘူး။

(၆) ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာကြောင့် နှလုံး ရောဂါနဲ့ ဆက်စပ်ပြီး သေဆုံးမှု ၃၀ ရာ ခိုင်နှုန်းနီးပါးကို ဖြစ်စေကြောင်း အမေရိကန်လေ့လာမှုတစ်ရပ်အရ သိရပါတယ်။ ဆေးလိပ်သောက်တာက ခံတွင်း၊ လည် ချောင်းနဲ့အဆုတ်ကင်ဆာတို့လို ကင်ဆာ အမျိုးအစားတချို့အတွက် အန္တရာယ်ပါ။

(၇) အိပ်ရေးပျက်ခြင်း

အိပ်ရေးပျက် တာကြောင့် ဟော်မုန်း ဟန်ချက်မညီမျှမှုဖြစ်ကာ အစာကို ပိုစား ဖြစ်စေပြီး နှလုံးကို ဝန်ထုပ်ဝန်ပိုးဖြစ်စေ ပါတယ်။ အိပ်ရေးပျက်တဲ့ အခါ ထွက်လာ တဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေကလည်း နှ လုံးကို ထိခိုက်စေနိုင် ပါတယ်။
ဇွန်
by Good Health

No comments:

Post a Comment